အမ်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များက ဒေသ ခံပြည်သူများနှင့် တွေ့ ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များက ဒေသ ခံပြည်သူများနှင့် တွေ့ ဆုံ





MNP   -   ဖေဖော်ဝါရီ ၁၇

  ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်၊ ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများကတိုက်မော်ကျေးရွာရှိ ရပ်မိရပ်ဖများ၊ဒေသ ခံပြည်သူများအားဖေဖော်ဝါရီ ၁၇ ရက် နံနက်(၁၀)နာရီအချိန်က အဆိုပါကျေးရွာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။


    တွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်က တရားဥပ ဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ ကျန်းမာ ရေး၊ ပညာရေး၊ လမ်း ပန်းဆက်သွယ်ရေး၊လျှပ်စစ်မီးများရရှိအသုံးပြုနိုင်ရေး၊ စိုက်ပျိုးရေးမွေးမြူ ရေးနည်းပညာများဖြန့်ဝေပေးနိုင်ရေးစသည့်လုပ်ငန်းကိစ္စရပ်များကို ပြောကြားခဲ့သည်။


 ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များက  သက်ဆိုင်ရာကဏ္ဍများအလိုက်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။


 ထို့နောက်တက်ရောက်လာကြသည့်ရပ်မိရပ်ဖများ၊ဒေသ ခံပြည်သူများကလမ်း၊ တံတားကောင်း မွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊စိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကထားလုပ်ကိုင်သောဒေသဖြစ်သဖြင့် စိုက်ပျိုး ရေးမွေးမြူရေးနည်းပညာများဖြန့်ဝေပေးနိုင်ရေးတို့အတွက် ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။


   ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးမင်းထက်၊ ခရိုင်/မြို့ နယ်အဆင့်ဌာနဆိုင်များသည် ဂါယ်လောင်းကျေးရွာ အုပ်စုရှိ စိုက်ပျိုးရေး ဇုန်ဆောင်ရွက်မည့်နေရာအား သွား ရောက်ကြည့်ရှုကာလိုအပ်ချက်များအားပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)