သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာပေါင်းမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဖြည့်ဆည်းဆောင်ရွက်


MNP  -  ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အုပ်ရှစ်ကျေးရွာအုပ်စု၊ အုပ်ရှစ်ကျေးရွာနှင့် မီးသွေးတိုက်ကျေးရွာအုပ်စု၊ သံပရာကျေးရွာတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြသည်။


ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကျေးရွာအရောက် ညိှနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြရာတွင် အဖွဲ့အမှတ်(၁)မှ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အုပ်ရှစ်ကျေးရွာအုပ်စု၊ အုပ်ရှစ်ကျေးရွာ၊ တိုက်နယ်ဆေးရုံ၌ အဖွဲ့အမှတ်(၁)မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊အတွင်း‌ရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်းနှင့် သက်ဆိုင်ရာဌာနဆိုင်ရာတို့က တတ်ရောက်လာကြသော ဒေသခံ ပြည်သူ(၁၅၉)ဦးတို့နှင့်တွေ့ဆုံ၍ အဖွဲ့အမှတ်(၂)မှ မီးသွေးတိုက်ကျေးရွာအုပ်စု၊ သံပရာကျေးရွာ၊ ကျေးရွာခန်းမ၌ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်နှင့် ဌာနဆိုင်ရာများက တတ်ရောက်လာကြ‌သော ကျေးလက်နေပြည်သူ (၃၁၀)ဦးတို့နှင့် တွေ့ဆုံကြ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်းသင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေး၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း(၆၆/၆)ပြုလုပ်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင် ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း Mask တပ်ဆင်ရေး၊ ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ ပူးပေါင်း၍လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်ဆောင်း ဦးထုပ်ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး၊ လမ်းပေါ်စပါးမလှန်းရေး၊ အလှူခံများ လမ်းနှင့်လွတ်အောင် ယာဉ်အန္တရာယ်မဖြစ်စေဘဲ အလှူခံရေး၊ ဆောင်းသီးနှံနေကြာ ပြည့်မီစွာ စိုက်ပျိုးရေး၊ စနေနေ့တိုင်းကျေးရွာအလိုက်၊ နေအိမ်အလိုက် သန့်ရှင်းရေး စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ဆောင်ရွက်ရန်၊ ထင်း၊ မီးသွေးတရားလွန် ထုတ်ယူသုံးစွဲမှုမရှိရေး၊ ထင်းမီးသွေးအစားထိုးစပါးခွံလောင်စာတောင့် စက်ရုံ တည်ဆောက်သုံးစွဲရေး၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုထုတ်ယူရေး၊ နွေစပါး၊ ပဲတီစိမ်းစိုက်တောင်သူများ စာချုပ်ချုပ်ဆိုဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ဖြေကြားဆွေးနွေးဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရာ ကျန်းမာရေးဌာနမှ ပြည်သူများအား ဆေးထိုးပေးနှံမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


မျိုးဇော်သိန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)