၂၀၂၃ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား/ သူ(၄၇၁)ဦးအား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား/ သူ(၄၇၁)ဦးအား ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေး

 



MNP   -    ဖေဖော်ဝါရီ ၂၃

မြန်မာနိုင်ငံတစ်ဝန်းတွင်၂၀၂၃ ခုနှစ် မတ်လ ၈ရက်မှ ၁၈ရက်အထိ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပတော့မည့် ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် တက္ကသိုလ်၀င်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ကျောင်းသား ကျောင်းသူများအား ဖြေဆိုခွင့်ကတ်ပြားများကို ယမန်နေ့နံနက် ၁၀နာရီမှစတင်၍ အ.ထ.က(၁) ကျောင်း၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


၂၀၂၃ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲကို ရပ်ကွက်နှင့်ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)နှင့်​​နေရာသစ်ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အလွတ်ဖြေ ကျောင်းသား/ သူ(၄၇၁)ဦးတို့ကို ဝင်ခွင့်ကတ်ပြားများ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


တွံတေးမြို့နယ်တွင် အတွဲ(၇)ဓာတု၊ ရူပ၊ ဇီဝဖြေဆိုသူ ကျား(၃၂)မ(၅၀)၊ အတွဲ(၁)ဓာတု၊ ရူပ၊ ဘောဂဖြေဆိုသူကျား(၁၃၀)ဦး၊ မ(၂၁၉)ဦး၊ အတွဲ(၂)ပထဝီ၊ သမိုင်း၊ ဘောဂဖြေဆိုသူ ကျား(၁၇)ဦး၊ မ(၂၃)ဦး စုစုပေါင်း ကျား(၁၇၉)ဦး၊ မ(၂၉၂)ဦး စုစုပေါင်း(၄၇၁)ဦး ဝင်ရောက်ဖြေဆို​ကြမည်ပြီး စာစစ်ဌာနကို အ.ထ.က(၁) တွံတေးစာစစ်ဌာနတစ်ခုထဲ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါတက္ကသိုလ် ဝင်တန်းစာမေးပွဲကတ်ပြားများကို ဖေဖော်ဝါရီ  ၂၀ရက်နေ့မှ မတ်လ ၈ရက်နေ့ ထိထုတ်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)