မက်မန်းမြို့နယ်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက်မန်းမြို့နယ်အတွင်းရှိကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်


MNP   -    ဖေဖော်ဝါရီ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောမြင့်ထွန်းသည် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးများလိုက်ပါ၍ မက်မန်းမြို့နယ်အတွင်းရှိ အေးကျန့်ကျေးရွာ၊ မင်းရန်အောင်ကျေးရွာနှင့် အောင်သံလွင်ကျေးများသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အေးကျန့်ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး VDP ရန်ပုံငွေဖြင့် အေးကျန့်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည့် ခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ VDP ရန်ပုံငွေဖြင့် ကျေးရွာ(၄)ရွာစုပေါင်း မီးသဂြိုလ်စက်တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ မင်းရန်အောင်ကျေးရွာ ရေပေးဝေရေးဆောင်ရွက်နေမှု၊ အောင်သံလွင်ကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသခံများနှင့်တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်နှင့် တင်ပြချက်များကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ လျာထားရေးဆွဲဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


စောဥမ္မာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)