ပရီးမီးယားလိပ်ပွဲစဉ် ၂၂ စနေနေ့ ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပရီးမီးယားလိပ်ပွဲစဉ် ၂၂ စနေနေ့ ည ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်



MNP -  ဖေဖော်ဝါရီ  ၄

ပရီးမီးယားလိပ်ပွဲစဉ်ပွဲစဉ် ၂၂ အဖြစ် စနေနေ့(ယနေ့) မြန်မာစံတော်ချိန် ည ၇:၀၀ အချိန်မှာ စတင်ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ယနေ့ညမှာတော့ ပရီးမီးယားလိပ်ပွဲစဉ် ၅ ပွဲယှဉ်ပြိုင်ကစားဖို့ ရှိနေတာဖြစ်ပြီး ပွဲကြီးပွဲကောင်းအဖြစ် အာဆင်နယ်၊ မန်ယူ ၊ လီဗာပူးလ်အသင်တို့ရဲ့ ပွဲစဉ်တွေရှိတာ ဖြစ်ပါတယ်။

 အဲဗာတန် - အာဆင်နယ် (ယနေ့ည ၇:၀၀)
အဲဗာတန်အသင်းနှင့် အာဆင်နယ်အသင်းတို့ဟာ အဲဗာတန်အိမ်ကွင်း ဂွတ်ဒီဆင်ပေါ့တ်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။အဲဗာတန်အသင်းဟာ နည်းပြသစ်ရှောင်ဒိုက်ရဲ့ ပထမဆုံးပွဲဖြစ်ပြီး အိမ်ကွင်းမှာဆိုရင် အာဆင်နယ်ကို ဒုက္ခပေးလေ့ရှိတာ မှန်ပေမယ့် ဒီနေ့ပွဲစဉ်မှာတော့ ဧည့်သည် အာဆင်နယ်က ဂိုးပြတ်နိုင်ပွဲ ရယူသွားပါလိမ့်မယ်။

အက်စတွန်ဗီလာ - လက်စတာ (ယနေ့ည ၉:၃၀)
အက်စတွန်ဗီလာအသင်းနှင့် လက်စတာစီးတီးအသင်းတို့ဟာ ဗီလာပေါတ့်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဗီလာတို့ဟာ နည်းပြသစ် အူနိုင်းအမ်မရီလက်ထက်မှာ သိသိသာသာကောင်းမွန်လာခဲ့တာဖြစ်ပြီး လက်စတာတို့ကလည်း လက်ရှိရာသီ ထင်သလောက် မာကျောမှုမရှိတာကြောင့် အိမ်ရှင် ဗီလာတို့ကဘဲ အနိုင် ၃မှတ်ကို ရယူသွားပါလိမ့်မယ်။

ဘရန်းဖို့ရ် - ဆောက်သမ်တန် (ယနေ့ည ၉:၃၀)
ဘရန်းဖို့ရ် အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ဟာ ဘရန်းဖို့ရ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ဆောက်သမ်တန်ဟာ လက်ရှိရာသီ တန်ဒဆင်းဇုံအတွင်းရုန်းကန်နေတာဖြစ်ပြီး ဘရန်းဖို့ရ်အိမ်ကွင်းလည်း ဖြစ်တာကြောင့် အိမ်ရှင်ဘရန်းဖို့ရ်တို့ကဘဲ ဂိုးကွာဟချက်နည်းနည်းဖြင့် အနိုင်ရသွားပါလိမ့်မယ်။

ဘရိုက်တန် - ဘုန်းလ်မောက် (ယနေ့ည ၉:၃၀)
 ဘရိုက်တန်အသင်းနှင့် ဘုန်းလ်မောက်အသင်းတို့ဟာ ဘရိုက်တန်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။လက်ရှိရာသီ ဘရိုက်တန်တို့ဟာ ခြေစွမ်းပိုင်းအတော်လေးကောင်းမွန်နေပြီး ဘုန်းလ်မောက်တို့ကလည်း  တန်ဆင်းဇုံမှာ ရုန်းကန်နေရတာကြောင့် အိမ်ရှင် ဘရိုက်တန်တို့ကဘဲ ဂိုးပြတ်နိုင်သွားပါလိမ့်မယ်။

မန်ယူ - ခရစ္စတယ်ပဲလေ့စ် (ယနေ့ည ၉:၃၀)
မန်ချက်စတာယူနိုက်တက်အသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ မန်ယူအိမ်ကွင်း အိုးထရပ်ဖို့ရ်မှာ ယှဉ်ပြိုင်ကစားကြမှာပါ။ပဲလေ့စ်ဟာ ကစားရခက်တဲ့ အသင်းဖြစ်ပေမယ့် မန်ယူကလည်း အနိုင်ရအောင်ကြိုးစားမှာ ဖြစ်ပြီး အိမ်ကွင်းလည်း ဖြစ်တာကြောင့် အိမ်ရှင် ယူနိုက်တက်တို့ကဘဲ ဂိုးပြတ်နိုင်သွားပါလိမ့်မယ်။

ဝုဖ် - လီဗာပူးလ် (ယနေ့ည ၉:၃၀)
ဝူဗာဟမ်တန်အသင်းနှင့် လီဗာပူးလ်အသင်းတို့ဟာ ဝုဖ်အသင်းအိမ်ကွင်း မော်လင်နုူးလ် မှာ ယှဉ်ပြိုင်ကစားကြမှာပါ။နှစ်သင်းစလုံးဟာ လက်ရှိမှာ ရုန်းကန်နေတာဖြစ်ပေမယ့် ဧည့်သည်လီဗာပူးလ်တို့ကဘဲ ဂိုးကွာဟနည်းနည်းဖြင့် အဝေးကွင်းမှာ အဖိုးတန် ၃မှတ် ရယူသွားမည်ဖြစ်ကြောင်း ခန့်မှန်းလိုက်ရပါတယ်။

မြန်မာနေရှှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)