ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ “မဲခေါင်-လန်ချန်း” ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်ကော်ဖီစိုက်တောင်သူများထံသို့ လုပ်ငန်းသုံးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ “မဲခေါင်-လန်ချန်း” ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်ကော်ဖီစိုက်တောင်သူများထံသို့ လုပ်ငန်းသုံးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ





MNP   -   ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင်  “မဲခေါင်-လန်ချန်း” ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံ ငွေဖြင့် လုပ်ကွက်ငယ်ကော်ဖီစိုက်တောင်သူများထံသို့ လုပ်ငန်းသုံးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွှဲ ၁နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက“မဲခေါင်-လန်ချန်း” ပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေဖြင့် လုပ်ကွက်ငယ်ကော်ဖီ စိုက်တောင်သူများထံသို့ လုပ်ငန်းသုံးကိရိယာများ ထောက်ပံ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရေးမှူး ဦးတင်ထူးမောင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီ သီးနှံဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီးညီညီတင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ဖြိုးနိုင်ဦးတို့က ကော်ဖီကျင်းတူးကိရိယာ၊ ကော်ဖီမျိုးစေ့၊ အချိုဓာတ်တိုင်းကိရိယာ၊ ကိုင်းဖြတ်ပုံ သွင်းကိရိယာနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနည်း ပညာစာအုပ်/ စာစောင်များကို ကော်ဖီစိုက်ပျိုးတောင်သူများအား အသီးသီးပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက တောင်သူများအား ကော်ဖီကျင်းတူးကိရိယာ အသုံးပြုနည်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)