ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းကျင်းပ





MNP   -   ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့  ညနေပိုင်းက ပေါက်တောမြို့နယ်တောင်ညိုကျေးရွာရှိ အလက(ခွဲ)ကျောင်းစုပေါင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုး နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြမင်းထွန်း တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက ဦးဆောင်ဆွေးနွေးကာ Grade -8မှ ကျောင်းသူ မနွယ်နွယ်စိုး က လူငယ်နဲ့ကျန်းမာရေး၊Grade-8မှကျောင်းသူ မသန်းသန်းအေးက  လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး၊ Grade- 8မှ ကျောင်းသား မောင်မင်းမင်း ကစာတတ်ဖို့သာမကပညာတတ်ဖို့ပါ ကြိုးစားကြ၊ Grade-8မှ ကျောင်းသားမောင်အောင်မင်းထွန်း က လူငယ်နဲ့အားကစားအစရှိသည့်ခေါင်းစဉ်ပါအကြောင်းအရာများကိုဆွေးနွေးကြသည်။


ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူ လေး ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပေါက်တောမြို့နယ် တောင်ညိုကျေးရွာရှိ အလက(ခွဲ)ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။


ထို့ပြင် ခန်းမအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်တို့ကိုကြည့်ရှုကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)