မင်းပြားမြို့၌ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းပြားမြို့၌ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းများ ကျင်းပ




MNP  -   ဖေဖော်ဝါရီ  ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ လူငယ်များ ဘက်စုံထူးချွန်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန တို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို အခြေခံပညာမူလတန်းလွန် (ဦးစိုးတင့်)ကျောင်းခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ကျောင်းသူ/ကျောင်းသားများအသိဉာဏ်ပညာ၊ ဗဟုသုတများပိုမိုရရှိစေရန်၊ စကား ပြောစွမ်းရည် မြင့်မားစေရန်၊ ကျန်းမာသန်စွမ်းပြီးအကျင့်စာရိတ္တကောင်းမွန်ကာ ထူးချွန်ထက်မြက်သည့် လူကောင်းလူတော်များပေါ်ပေါက်လာရန်လူငယ်နှင့်ပညာရေး၊လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်များ ဖြင့်ဆွေးနွေးကြသည်။


ထို့နောက် အခြေခံပညာမူလတန်းလွန် (ဦးစိုးတင့်) ကျောင်းမှ Grade-8 မှ မောင်မင်းကျော်ဆန်း ကလူငယ်နှင့်စာရိတ္တ၊ Grade-8မှ မအိမြတ်မွန်နှင့်မောင်မင်းခန့်ကျော်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်ပြီးတက်ရောက်လာကြသော ကျောင်းသူ/ကျောင်းသားများကလည်း မိမိတို့ သိရှိလိုသည့်အကြောင်းအရာများ ကိုမေးမြန်းကြရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းသိရသည်။ မင်းပြားမြို့နယ်တွင်လူငယ် စကားဝိုင်းကိုစဉ်ဆက်မပြတ်ကျင်းပလျက်ရှိကြောင်းသိရသည်။


သိန်းနုအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)