သဲကုန်းမြို့၊ သီတဂူရွှေဥရာစုသစ်စက္ခုဒါန​ ဆေးရုံတော်ကြီး၌ (နဝမအကြိမ်) မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့၊ သီတဂူရွှေဥရာစုသစ်စက္ခုဒါန​ ဆေးရုံတော်ကြီး၌ (နဝမအကြိမ်) မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေး





MNP   -   ဖေဖေါ်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် နဝမအကြိမ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၉ ရက်မှ ၁၂ ရက်နေ့အထိ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးခြင်းကို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သဲကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သဲကုန်းမြို့၊ သီတဂူရွှေဥရာစုသစ်စက္ခုဒါန​ဆေးရုံ​တော် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး စသည့်မြို့ကြီးများမှ မျက်စိအထူးကုဆရာဝန်ကြီးများက စမ်းသပ် ခွဲစိတ်ကုသပေးလျက်ရှိပြီး ယမန်နေ့တွင် မျက်စိဝေဒနာရှင် (၄၅၀) ကျော်အား မျက်စိစမ်းသပ်ပေးခြင်း လိုအပ်ပါက ခွဲစိတ်ကုသပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ မျက်စိဝေဒနါရှင်များ၊ လူနာစောင့်များ၊ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ လုပ်အားပေးများကို စေတနာရှင်အလှူရှင်များက နံနက်စာ၊ မွန်းတည့်စာ၊ ညစာ အာဟာရဒါများဖြင့် ဧည့်ခံကျွေးမွေးပေးလျက်ရှိကြောင်း သိရသည်။


သဲကုန်းမြို့၊ သီတဂူရွှေဥရာစုသစ်စက္ခုဒါနဆေးရုံတော် (နဝမအကြိမ်) မျက်စိစမ်းသပ် ခွဲစိတ်ပေးရာသို့ သဲကုန်းမြို့နှင့်အနီးတစ်ဝိုက် မြို့များဖြစ်သော ပေါင်းတည်၊ နတ်တလင်း၊ အုတ်ဖို၊ ရွှေတောင်မြို့များအပြင် မင်းတုန်း၊ ကံမ၊ အောင်လံ၊ မြန်အောင်၊ ပုသိမ်စသည့် မြို့နယ်များမှ မျက်စိဝေဒနာရှင်များလာရောက် စမ်းသပ်ကုသလျက် ရှိကြောင်း သိရသည်။


ဝင့်နန္ဒာဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)