ထိုင်းနိုင်ငံတွင် ပြန်လာရန် အခက်အခဲများ ကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံသားများအနက် ရခိုင်ပြည်နယ်မှ နေရပ်ပြန်သူများအား တပ်မတော်(ရေ)စစ်ရေယာဉ်များဖြင့် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့များသို့ စီစဉ်ပို့ဆောင်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံတွင် ပြန်လာရန် အခက်အခဲများ ကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံသားများအနက် ရခိုင်ပြည်နယ်မှ နေရပ်ပြန်သူများအား တပ်မတော်(ရေ)စစ်ရေယာဉ်များဖြင့် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့များသို့ စီစဉ်ပို့ဆောင်ပေးလျက်ရှိ








MNP    -     ဖေဖော်ဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အရ ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုး ကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့ခဲ့ရသော နေရပ်ပြန်မြန်မာနိုင်ငံသား (၆၇၉)ဦး တို့အနက် ရခိုင်ပြည်နယ်မှ နေရပ်ပြန်မြန်မာနိုင်ငံသား  (၁၁၁)ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့် နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။ 


ထိုသို့ပို့ဆောင်ပေးရန် စစ်ရေယာဉ်(အနော်ရထာ)ဖြင့် တင်ဆောင်လာစဉ် စစ်ရေယာဉ်ရှိ အရာရှိ စစ်သည်များက နွေးထွေးစွာကြိုဆိုနှုတ်ဆက်ပြီး ရေယာဉ်အပေါ်၌ စနစ်တကျနေရာချပေး ခြင်း၊ အာဟာရပြည့်စားသောက်ဖွယ်ရာများ ကျွေးမွေး၍ ကိုယ်လက်လေ့ကျင့်ခန်းများ ဆောင်ရွက် စေခြင်း၊ အားကစားပြိုင်ပွဲများကျင်းပပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ အနီးကပ် ဆောင်ရွက်ပေးခြင်းနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စိတ်ရွှင်လန်းအပန်းပြေစေရေး ဆောင်ရွက် ပေးကြသည်။


အဆိုပါစစ်ရေယာဉ်သည် ယနေ့မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့၊ အမှတ်(၁)တံတားသို့ ရောက်ရှိလာရာ ဆိပ်ကမ်းတွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးရဲလင်းမောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်နယ်မှ  အရာရှိ စစ်သည်များ၊ မိသားစုဝင်များ၊ နေရပ်ပြန် မြန်မာနိုင်ငံသားများ၏မိသားစုဝင်များက  နွေးထွေးလှိုက်လှဲစွာ  လာရောက်ကြိုဆိုကြသည်။


ထို့နောက် နေရပ်ပြန်မြန်မာနိုင်ငံသားများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ တွင် ရခိုင်မုန့်တီဖြင့်ကျွေးမွေးဧည့်ခံခြင်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း တို့ပြု လုပ်၍ လိုအပ်သည်များမှာကြား၍ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မိဘအုပ်ထိန်းသူများ ထံသို့ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အပ်နှံ ပေးသည်။ 


စစ်ရေယာဉ်(အနော်ရထာ)ဖြင့် တင်ဆောင်လာသည့် နေရပ်ပြန်မြန်မာနိုင်ငံသား (၁၁၁)ဦး အနက် ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ အမ်း၊ မာန်အောင်၊ တောင်ကုတ်နှင့် သံတွဲဒေသများမှ နေရပ်ပြန် မြန်မာနိုင်ငံသား (၃၁) ဦးသည် ကျောက်ဖြူမြို့နယ်တွင် ဆင်းသက်ခဲ့ပြီး ကျန်(၈၀) ဦးအား စစ်တွေမြို့သို့ ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)