ပေါက်တောမြို့ (အ.ထ.က-ပေါက်တော) ကျောင်းသားကျောင်းသူဟောင်းများ၏ ပဉ္စမ အကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့ (အ.ထ.က-ပေါက်တော) ကျောင်းသားကျောင်းသူဟောင်းများ၏ ပဉ္စမ အကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲ ကျင်းပ






MNP   -    ဖေဖော်ဝါရီ  ၅

     ရခိုင်ပြည်နယ်၊ပေါက်တောမြို့၊ အ.ထ.က-ပေါက်တောကျောင်းသား/သူဟောင်းများ၏ ပဉ္စမအကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဗုဒ္ဓသာသနာ့ ဓမ္မဗိမာန်တော်၌ ကျင်းပပူဇော်ကန်တော့ခဲ့ကြသည်။


     ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး  မြတ်ဆရာပူဇော်ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြသည်။ ဆက်လက်ပြီး အ.ထ.က-ပေါက်တောကျောင်းတွင်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိအငြိမ်းစားယူလျက်ရှိသော အသက်အသက်(၇၀)နှစ်အထက်(၄၅)ဦးကို တစ်ဦးလျင် (၁၅၀၀၀၀/-)ကျပ်ဖြင့်လည်းကောင်း၊ အသက်(၇၀)နှစ်အောက်(၃၄)ဦးကို တစ်ဦးလျှင် (၁၂၀၀၀၀/-)ဖြင့်လည်းကောင်း၊ တစ်ဦးချင်းအလှူရှင်အသီးသီးတို့မှလည်းကောင်းလှူဖွယ်ဝတ္တုများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် ကံထူးရှင်ဆရာကြီးနှင့်ဆရာမကြီးတစ်ဦးစီ မဲနှိုက်ရွေးချယ်ကာ (၃၀၀၀၀၀/-)ကျပ်စီဖြင့် ကန်တော့ပူဇော်ခဲ့ကြသည်။ 


ထို့နောက်မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဆရာမဒေါ်အုန်းခင်က ကျင်းပရခြင်းနှင့်ရှင်းလင်းပြောကြားခြင်း၊ ကန်တော့ခံဆရာကြီးများဖြစ်ကြသော ဆရာကြီးဦးအောင်ကြီးသာ၊ ဆရာကြီဦးစောအောင် (မြို့နယ်ပညာရေးမှူး-ငြိမ်း)၊ ဆရာကြီးဦးစောစိန်တို့မှ ရင်တွင်းစကားများပြောကြားခြင်း၊  ကျောင်းသားဟောင်း ဓညကျော်ဝင်း(စည်ပင်လက်ထောက်ညွှန်ကြားရေးမှူး-ငြိမ်း)မှ ပေါက်တော-အ.ထ.ကကျောင်း ဂုဏ်ပြုကဗျာဖြင့် ရွတ်ဖတ်ဂုဏ်ပြုခြင်း၊ ကျောင်းသားဟောင်း ဦးအောင်ထွန်းသိန်း(ပြည်နယ်တရားလွှတ်တော်တရာသူကြီး)မှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ကျောင်းသားဟောင်း ဦးဘရွှေ (ဘဏ္ဍာရေးမှူး)မှ ရန်ပုံငွေကိစ္စရှင်းလင်းပြောကြားပြီးနောက် အ.ထ.က-ပေါက်တော၏ ကျောင်းသူဟောင်းများမှ သီချင်းပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။


 အဆိုပါမြတ်ဆရာပူဇော်ပွဲအခမ်းအနားတွင် ၁၉၉၆-၉၇ ကျောင်းသား ကျောင်းသူဟောင်းများမှ နံနက်စာထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြပြီး၊ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ကန်တော့ခံ ဆရာကြီးဆရာမကြီးများ၊ ကျောင်းသားကျောင်းသူများ (၃၀၀)ဦးခန့်တို့က တက်ရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)