ကျိုက်ထိုမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း‌ ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း‌ ဆောင်ရွက်ပေး







MNP   - ဖေဖော်ဝါရီ ၁၇

       မွန်ပြည်နယ်၊  ကျိုက်ထိုမြိုနယ်တွင်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထို မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်အသက်(၁၀)နှစ်နှင့်အထက် အခြေခံပညာမူလတန်းလွန်ကျောင်းသားကျောင်းသူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားများအားကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ ဖေဖော်ဝါရီ (၁၇)ရက် နံနက်(၁၁)နာရီတွင် အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းအစည်းအ‌ဝေးခန်းမ၌ကွင်းဆင်း‌ဆောင် ရွက်ပြုလုပ်‌ပေးခဲ့သည်။


    ယင်းသို့ဆောင်ရွက်ရာတွင်လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူး ဦးဝင်းနိုင် က နိုင်ငံသားတိုင်းနိုင်ငံသားစိစစ်ရေးကတ်ပြား များအားရရှိကိုင်ဆောင်နိုင်ရန်မိမိတို့ဌာနအနေဖြင့်ပန်းခင်းစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိကြောင်းရှင်းလင်းပြောကြားပြီး တာဝန်ခံကျောင်းအုပ်ဆရာမကြီးဒေါ်စမ်းစမ်းအေး က ယခုပြုလုပ်ပေး သည့် နိုင်ငံသားစိစစ်ရေးကတ်သည်မိမိတို့မိသားစုဘဝအတွက်အရေးကြီးကြောင်း၊သားစဉ်မြေးဆက်အသုံးပြုသွားရမည်ဖြစ်ကြောင်းမိမိတို့ပညာသင်ကြားရာတွင်လည်းကောင်း၊ ပြည်တွင်း ပြည်ပများ၌ အလုပ်လုပ်ကိုင်ရာတွင်လည်း‌ကောင်း

နိုင်ငံသားစိစစ်‌ရေးကတ်ပြားသည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ဒါကြောင့် မပျောက်မပျက်အောင်ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားပြီးခဲ့သည်။၊    


      ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီအောင်၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်၊မြို့နယ်ပညာ ရေးမှူး ဦးမောင်ညိုနှင့်တာဝန်ရှိသူများက

ကျောင်းသား၊ကျောင်းသူ(၂၄၆)ဦးအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများ

အားပေးအပ်ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)