သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းရှိ သီတဂူစက္ခုဒါန ဆေးရုံတော်၌ မျက်စိဝေဒနာရှင် သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကုသမှုများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းရှိ သီတဂူစက္ခုဒါန ဆေးရုံတော်၌ မျက်စိဝေဒနာရှင် သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကုသမှုများဆောင်ရွက်



MNP ၊ ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့ သီတဂူတပ်အလယ်ကျောင်းရှိ သီတဂူစက္ခုဒါန ဆေးရုံတော်၌ ဖေဖော်ဝါရီ ၉ ရက်နှင့် ယနေ့တို့တွင် မျက်စိဝေဒနာရှင် သံဃာတော်များနှင့် ဒေသခံပြည်သူများအား မျက်စိအထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သားပါရဂူ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိရောဂါနှင့် ပတ်သက်၍ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။


မျက်စိအထူးကုဆရာဝန်ကြီးများ၊ ပါရဂူများ၊ ဆရာဝန်များ၊ တပ်မတော်သား ပါရဂူ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများက တစ်နေ့လျှင် မျက်စိဝေဒနာရှင်ဦးရေ ၃၀၀ ကျော်အား မျက်စိစမ်းသပ် စစ်ဆေးပေးခြင်း၊ လေဆာပစ်ခြင်း၊ ခွဲစိတ်ကုသ ခြင်း၊ မျက်စိတိမ်များ ခြစ်ထုတ်ခြင်းနှင့် မျက်လုံးအစားထိုး ကုသခြင်းများ ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


အဆိုပါ ဆေးရုံ၌ မျက်စိဝေဒနာရှင်များအား ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ  တစ်နေ့လျှင် ဦးရေ ၃၀၀ ကျော်ဖြင့် ဆက်လက်ကုသပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)