ပန်းတောင်မြို့၌ အဟာရတန်ဘိုးမြင့် တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများစိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်မြို့၌ အဟာရတန်ဘိုးမြင့် တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများစိုက်ပျိုး



MNP   -   ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့၌ အာဟာရတန်ဖိုးမြင့် တိရစ္ဆာန်အစာပင်နေဗီယာမြက်မျိုးများကို ကျောက်ဖူးကျေးရွာတွင် ယမန်နေ့နံက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ထိုသို့ စိုက်ပျိုးရာတွင် တိရစ္ဆာန်များအတွက် အာဟာရတန်ဖိုးမြင့် တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများအား ကျောက်ဖူးကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာ တောင်သဦးကျော်အောင်၏ လယ်မြေ(၀.၇၀)ဧကတွင် ရေသွင်း၊ ရေထုတ်စနစ်ဖြင့် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ထို့နောက် နေဗီယာမြက်မျိုးများ စိုက်ပျိုးရာတွင် ပျိုးပင်အရေအတွက် (၆၀၀၀)ပင်၊ တန်းခြား(၃)ပေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဝန်ထမ်းများနှင့် မြို့နယ်တွင်း (CAHW) များ ပူးပေါင်း၍ စိုက်ပျိုးခဲ့ကြောင်းသိရသည်။ နေဗီယာမြက်မျိုးများ စိုက်ပျိုးခြင်းဖြင့် ပန်းတောင်းမြို့နယ်အတွင်း လိုအပ်သောမျိုးကောင်းမျိုးသန့်တိရစ္ဆာန်အစာပင်နေဗီယာမြက်မျိုးများ အခမဲ့ဖြန့်ဝေပေးနိုင်ရန်အတွက်လည်းကောင်း၊ မျိုးထိမ်းရန်အတွက်လည်းကောင်း၊ မျိုးပွားရန်အတွက်လည်းကောင်းရည်ရွယ်၍ တိရစ္ဆာန်အစာပင်အဖြစ်လည်း အသုံးချနိုင်ရန်အတွက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သင်းသင်းအေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)