နမ့်ဆန်မြို့တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ



MNP  -  ဖေ‌ဖော်ဝါရီ ၆

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသအဆင့်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းဆိုင်လီခမ်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာဒေါက်တာစောဝင်းရေးသားသည့် “ကလေးကျန်းမာရေး အမေးအဖြေ” စာအုပ်ဖြင့် “ကလေးတွေကို တီဘီဘယ်လိုကူးစက်ပါသလဲ” ဆိုသည့်အကြောင်းအရာထဲမှ “တီဘီရောဂါရှိတဲ့လူကြီး‌တွေက အဆုတ်ထဲမှာ အနာဖြစ်ကြတယ်။ လိုဏ်ခေါင်းပေါက်လို၊ ဂူပေါက်လိုဖြစ်နိုင်တယ်။ အဲဒီသောလူကြီးတွေ ချောင်းဆိုးလိုက်တဲ့အခါ ထောင်ပေါင်းများစွာသော တီဘီပိုးတွေဟာ သလိပ်ထဲမှာပါလာတယ်။ လေထဲပျံ့လွှင့်နေတယ်။ ဒီတီဘီပိုးတွေဟာ တစ်နည်းနည်းနဲ့ ကလေးရဲ့ နှာခေါင်း၊ ပါးစပ်တွေကနေ ဝင်သွားတဲ့အခါမှာ တီဘီရောဂါကူးစက်ခံရတာပါပဲ။” ဆိုသည့်အကြောင်းဆွေးနွေးခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်ချိုချိုစန်းမှ  “ဘယ်လိုကလေးတွေမှာ တီဘီရောဂါပိုးဖြစ်နိုင်ပါသလဲ” ခေါင်းစဉ်ထဲမှ “တီဘီရောဂါရှိသူနဲ့ နီးစပ်တဲ့ကလေး၊ အသက်ငါးနှစ်အောက်ကလေး၊ အဟာရချို့တဲ့တဲ့ကလေး၊ ခုခံအားကျရောဂါရှိတဲ့ကလေး၊ ဘီစီဂျီကာကွယ်ဆေးမထိုးထားတဲ့ကလေးတွေ ဖြစ်ပါတယ်။” ဆိုသည့်အကြောင်းအရာများကို အကျယ်တဝင့်ဆွေးခဲ့ကြောင်း သိရသည်။


နမ့်ဆန်မြို့ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများ လစဉ်ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် စာပေကိုဖတ်ရှုသည့် အလေ့အကျင့်ရရှိစေရန်နှင့် အမှားအမှန်ကိုပိုင်းခြားသိပြီး ပူးပေါင်းဆွေးနွေးဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)