ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး




MNP   -    ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင်  ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော  ပြင်ရှည်-အုတ်တောင် -မြောက်ချောက် ကျေး ရွာ သွားလမ်း အရှည် ၃ ဒဿမ ၁ ကီလိုမီတာ ၊ မြေသားတာဘောင်ပြုပြင်ပြီး  ၄ ဒဿမ ၂၇ မီတာ ၊ အကျယ် ၁၅၀ မီလီ မီတာ ၊ ထု ၅၀-၁၀၀ မီလီမီတာ ၊ ခွဲကျောက်ခင်းကြိတ်ခြင်း နှင့် ဗြန်း ကျောက်စရစ် ၇၅ မီလီမီတာ ထု ခင်းကြိတ်ခြင်း လုပ်ငန်းများအား စိုင်းဒင် အားမာန် ကုမ္ပဏီ မှ ၁ ဒဿမ ၁ ကီလိုမီတာ ၊ မေယု ရွှေမြေ အာရှ ကုမ္ပဏီမှ ၁ ဒဿမ သုည ကီလိုမီတာ ၊ စိုင်းဒင်သား ကုမ္ပဏီ မှ ၁ ဒဿမ သုည ကီလိုမီတာ ဆောင်ရွက်နေမှု အခြေအနေများအား မောင်တောခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန  ၊ ခရိုင်ဦးစီးမှူး ၊ လက်ထောက်ညွန်ကြားရေးမှူး (မြို့ပြ) ဦးထွန်းရန်နိုင်သူ ၊ ဘူးသီးတောင်မြို့နယ် တာဝန်ခံ  အငယ်တန်း အင်ဂျင်နေယာ -၂ (မြို့ပြ) ဦးမင်းဆွေဦး နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးရာ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ခံ များက လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး   သတ်မှတ်ကာလ ဘဏ္ဍရေး နှစ်အတွင်း  စံချိန် ၊ စံညွန်း အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ ကြောင်း သိရသည်။


သက်လွင်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)