ဒုတိယဝန်ကြီး ဦးမြင့်စိုး ခရမ်းမြို့နယ် သမဝါယမလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ခရမ်းမြို့နယ် သမဝါယမလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


MNP  -    ဖေဖော်ဝါရီ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကြူတောကျေးရွာသို့ရောက်ရှိပြီး ပဲတီစိမ်းစိုက် တောင်သူများ၏ စိုက်ခင်းများရိတ်သိမ်းနေမှု၊ အထွက်နှုန်းတိုးတက်မှုတို့ကို မေးမြန်းလေ့လာ ကြည့်ရှုအားပေးသည်။


ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကြူတောကျေးရွာရှိ ပဲတီစိမ်းစိုက် သမဝါယမအသင်းသားတောင်သူများ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် သမဝါယမဦးစီးဌာနတိုင်းဦးစီးမှူးက ပဲတီစိမ်းစိုက်တောင်သူများနှင့် အစုအဖွဲ့များအကြား ဒေသပေါက်ဈေးနှင့် ဝယ်ယူရောင်းချနေမှု၊ ပဲတီစိမ်းစိုက်တောင်သူများသို့ ထုတ်ပေးထားသောမျိုးနှင့် သွင်းအားစုများအတွက် သတ်မှတ်နှုန်းထားများအတိုင်း ပြန်လည်ပေးသွင်းမှုတို့ကိုလည်းကောင်း၊သမဝါယမအသင်းအစုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ခရမ်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကျေးရွာများမှ ပဲတီစိမ်းဝယ်ယူ ရရှိမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပဲတီစိမ်းနှင့်နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ ပန်းတိုင်အထွက်နှုန်းရရှိရန်၊ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝမြင့်မားရန်၊ ကြွေးမြီကင်းစင်သော မိသားစုဘဝကို ပိုင်ဆိုင်ကြရန်အတွက်ဖြစ်ကြောင်း၊ ဆက်လက်ပြီး ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ မိမိတို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းများတွင် သမဝါယမအစုအဖွဲ့စနစ်ဖြင့် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရမ်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ခရမ်းစတိုးအရောင်းဆိုင်ကို ကြည့်ရှုစစ်ဆေးရာအသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။


ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် သန်လျင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်နေသော ငပေကျေးရွာမှ ခြောက်လမ်းသွားသို့ ဆက်သွယ်သောလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)