MNP - ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် တပို့တွဲလ ပြည့်နေ့ ဗုဒ္ဓမြတ်စွာဘုရားအား ရည်မြော်၍ ဘုရားမီးလှုံပူဇော်ခြင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ ညတွင် မင်းရန်အောင်စေတီတော် ပုရဝဏ်အတွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ မြတ်ဗုဒ္ဓအား ရည်မြော်၍ မီးလှုံပူဇော်ရာတွင် မက်မန်းမြို့၊ ပညာဒီပကျောင်းတိုက်ဆရာတော်နှင့် ရဟန်သံဃာများက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ဆောက်တည်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြတ်ဗုဒ္ဓအား ရည်မြော်၍ မီးလှုံပူဇော်ကြရာ ရှမ်းအိုးစည်းများဖြင့် တီးမှုတ်ပူးဇော်ခဲ့သည်။ ဆက် လက်၍ “ဝ” တိုင်းရင်းသားအကများဖြင့် စုပေါင်းဝိုင်းဖွဲ့ ကပြခြင်းဖြင့် တပို့တွဲလပြည့်နေ့ ဘုရားမီးလှုံပူဇော်ခြင်းများလည်း ဆောင်ရွက်ခဲ့သည်။ မက်မန်းမြို့နယ်တွင် တပို့တွဲလပြည့်နေ့ ဘုရားမီးလှုံပူဇော်ခြင်းကို ဗုဒ္ဓဘာသာဝင်များ၏ ထုံထမ်းအစဉ်အလာအတိုင်း နှစ်စဉ်ကျင်းပလျက်ရှိကြောင်းလည်း သိရသည်။
ပန်းကျင်
https://t.me/MyanmarNationalPost
No comments:
Post a Comment