တရုတ်နိုင်ငံဂြိုဟ်တုဖြင့် တူရကီနိုင်ငံငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံဂြိုဟ်တုဖြင့် တူရကီနိုင်ငံငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကူညီပေး




MNP ၊ ဖေဖော်ဝါရီ ၈

တူရကီနိုင်ငံတွင် ငလျင်ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ Spacety ကုမ္ပဏီသည် ရှေးဦးစွာ Chaohu 1 ဂြိုဟ်တုဖြင့် ငလျင်ဒဏ်သင့်ဒေသအား အရေးပေါ်ပုံရိပ်ဖော်ရန် စီစဉ်ခဲ့ရာ ငလျင်ဖြစ်ပွားပြီးနောက် ၇ နာရီတွင် ငလျင်ဒဏ်သင့် အနီးတဝိုက်ဒေသများ၏ Radar remote sensing ရုပ်ပုံများကို အောင်မြင်စွာရယူပေးခဲ့ကြောင်း သိရသည်။

ငလျင်ဖြစ်ပွားသည့်နေ့တွင် ငလျင်ဒဏ်သင့်ဒေသ၌ ရာသီဥတုဆိုးရွားပြီး တိမ်လွှာထူထပ်သဖြင့် အလင်းရောင်ဂြိုဟ်တုရုပ်ပုံရယူရန် ခက်ခဲနေသည်။ ထို့ကြောင့် တစ်နေကုန် ၂၄ နာရီ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိသည့် Synthetic Aperture Radar (SAR) သည် ငလျင်ဒဏ်သင့်ဒေသ၏ ရုပ်ပုံအားလုံးကိုရယူသည့် အရေးကြီးနည်းလမ်းဖြစ်ခဲ့သည်။ ဆက်လက်ပြီး Spacety သည် ငလျင်ဒဏ်သင့်ဒေသအခြေအနေအား ဆက်လက်ဂရုပြု၍ ငလျင်ဒဏ်သင့်ဒေသကယ်ဆယ်ရေးလုပ်ငန်းအတွက် ဂြိုဟ်တုရုပ်ပုံများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)