MNP - ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမနှင့် ကလေးစာဖတ်ခန်းတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံ ပြပွဲ၊ စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီတွင် ကျင်းပသည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အကျယ်တဝင့်ဟောပြော ပေးခဲ့သည်။ ထို့နောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြသည်။
ဆက်လက်ပြီး ပြိုင်ပွဲများကျင်းပရာ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ရုပ်ပုံပြပုံပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ရွက်သယ်ပြိုင်ပွဲနှင့် ဘောလုံးလက်ဆင့်ကမ်းသယ်ပြိုင်ပွဲများကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲအလိုက် ဆုရရှိသူများကို မြို့နယ် ဦးစီးအရာရှိက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ချစ်သက်လယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment