ပုဏ္ဏားကျွန်းမြို့နယ် ရဟတ်တောင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ် ရဟတ်တောင်ကျေးရွာ မြစိမ်းရောင်စီမံကိန်းအား ကွင်းဆင်းစစ်ဆေး


MNP  -    ဖေဖော်ဝါရီ ၁၅

      ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်  မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပုဏ္ဏားကျွန်းမြို့နယ်၊ ရဟတ်တောင်ကျေးရွာအတွင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ယမန်နေ့က ဦးအောင်ကျော်ငြိမ်း(ဦးစီးအရာရှိ-နည်းပညာ)နှင့်အဖွဲ့ ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်းသိရသည်။


    အဆိုပါကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းဖြင့် လုပ်ငန်းလည်ပတ်နေသူ ၁၄၈ ဦးရှိပြီး၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ ၁၀၃ ဦး၊ မွေးမြူရေးလုပ်ငန်းရှင် ၃၅ ဦး၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၃ ဦး၊ ရောင်း ဝယ်ရေးလုပ်ငန်းရှင် ၅ ဦးနှင့်သက်မွေးဝမ်းကျောင်းလုပ်ငန်းရှင် ၂ ဦး၊ စုစုပေါင်း (၁၄၈)ဦးတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ကျပ်သန်း(၃၄.၅)သန်းဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

 

 နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)