လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကျင်းပ



MNP   -    ဖေဖော်ဝါရီ ၁၄

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအောက်ရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ ဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒုတိယဥက္ကဋ္ဌ(၂) တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ လုပ်ငန်း ကော်မတီဝင် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဝန်ကြီးက စာနာ/သက်မွေး လုပ်ငန်းကော်မတီအနေဖြင့်ပြီးခဲ့သော အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်အရ IDP နှင့် နေရပ်စွန့်ခွာ စခန်းများအတွက် လုပ်ငန်းကော်မတီစီမံချက်ရေးဆွဲပြီး အမျိုးသားအဆင့်ကော်မတီကို တင်ပြရန်ရှိသည့်အတွက် လုပ်ငန်းကော်မတီဝင်ဌာန များက ပေးပို့လာသော အချက်အလက်များကိုစုစည်းပြီး စီမံချက်ရေးဆွဲထားမှုအပါအဝင် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်းပြီး အစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားအဆင့် ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များကို နှစ်လတစ်ကြိမ်နှင့် ခြောက်လတစ်ကြိမ် အစီရင်ခံစာများ ပြုစုပြီး အမျိုးသားအဆင့် ကော်မတီသို့ ပုံမှန်တင်ပြလျက်ရှိပါကြောင်း၊ စီမံချက်များတင်ပြရာတွင် IDP နှင့် နေရပ်စွန့်ခွာစခန်းများ ပြန်လည်နေရာချထားမည့် ဒေသများ၌ ထိရောက်စွာ ဆောင်ရွက်ပေးရန် ဖြစ်သည့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်နေရာ ချထားမည့်နေရာများ၌သာ ဦးစားပေးရွေးချယ်ဆောင်ရွက်ပေးကြ စေလိုကြောင်း။


ထို့အပြင် IDP အမျိုးသားအဆင့် ကော်မတီ၏ (၃/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက်တွင်ပါရှိသော လုပ်ငန်းကော်မတီက ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ပေးရာတွင် သင့်လျော်သည့် သင်တန်းများ၊ နည်းပညာများနှင့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးကြရန် လိုပါကြောင်း၊ ဆောင်ရွက်မည့် ဒေသအများစုသည် တိုင်းရင်းသားများ နေထိုင်သည့်ဒေသများဖြစ်သောကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့်ပတ်သက်ပြီး အလေးထား ဆောင်ရွက်ပေးကြရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ခြေအဆင့်အထိ သိရှိနားလည် သဘောပေါက်ကာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ကြရန် ပြောကြားသည်။


လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ လုပ်ငန်းကော်မတီ၏ စီမံချက်ရေးဆွဲဆောင်ရွက်ထားမှုကို ရှင်းလင်းတင်ပြသည်။


ကဏ္ဍအလိုက်ဆွေးနွေး


ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသော အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများကဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌများက လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။


ယင်းနောက် လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ (၂) ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)