မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာ စိုက်ဧက ၉၇၀၀ကျော် စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာ စိုက်ဧက ၉၇၀၀ကျော် စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်


MNP   -  ဖေဖော်ဝါရီ  ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ဆောင်းနေကြာ စိုက်ဧက ၉၇၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ် လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နေကြာသီးနှံသည် စိုက်ပျိုးထုတ်လုပ်မှုစရိတ်နည်းပါးခြင်း၊ စိုက်ပျိုးပြီးပါက ပျက်စီးမှုနည်းပါးခြင်း၊ အထွက်နှုန်းနှင့် တစ်ဧကဆီထွက်နှုန်း ကောင်းမွန်ခြင်းတို့ အပြင် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်းတို့ကြောင့် ဒေသခံတောင်သူများက နှစ်စဉ်နေကြာသီးနှံကို မိုးဦးနှင့်မိုးနှောင်းရာသီတို့တွင် စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာစိုက်ပျိုးနိုင်ရန် မိတ္ထီလာမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၁၄၆၉ ဧက၊ မလှိုင်မြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၃၀၀၀၊ သာစည်မြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၂၉၉၃ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၉၀၀ တို့ကို စိုက်ပျိုးသွားရန် သတ်မှတ်လျာထားခဲ့ပြီး ဒေသခံတောင်သူများက ဆောင်းနေကြာကို စက်တင်ဘာလမှ စတင်၍ စိုက်ပျိုးလျက်ရှိသည်။


ယင်းသို့ ဆောင်းနေကြာစိုက်ပျိုးရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၁၈၆၅ ဧက၊ မလှိုင်မြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၅၄၂ ဧက၊ သာစည်မြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၅၂၃၉ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် ဆောင်းနေကြာစိုက်ဧက ၂၀၇၄ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ရာ မိတ္ထီလာခရိုင်တွင် ဆောင်းနေကြာစိုက်ဧက ၉၇၂၀ဧက စိုက်ပျိုးနိုင်ခဲ့သည့် အတွက် သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ 


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)