ရေဖြူမြို့နယ်တွင် ဓနိဖက်တံစိပ် လုပ်ကိုင်သူများ ယခင်နှစ်ကထက် ဝင်ငွေပိုရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူမြို့နယ်တွင် ဓနိဖက်တံစိပ် လုပ်ကိုင်သူများ ယခင်နှစ်ကထက် ဝင်ငွေပိုရ


MNP   -    ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သည် သဘာဝရာသီဥတု၊ ရေခံမြေခံကောင်းသဖြင့် ဝါးအများဆုံးပေါက်ရောက်ပြီး ဒေသထွက်ဝါးဖြင့် ဖက်တံစိပ်ကာ ရောင်းချကြသူများ ယခင်နှစ်ကထက် ဖက်တံဈေးပိုရကြောင်း သိရသည်။


ဆန်းချီ၊ ဒူးတောင်း၊ နှမ်းကျဲ စသည့်ကျေးရွာများတွင် ဝါးမျိုးစုံ ပေါက်ရောက်ပြီး ဖက်တံအများဆုံးထွက်သည်။ ယခင်နှစ်က ဓနိဖက်တံတစ်ချောင်းကို သုံးကျပ်သာရရှိပြီး ဒီနှစ်မှာ ငါးကျပ်ဈေးရှိကြောင်း ဖက်တံစိပ်လုပ်ကိုင်နေသူ ဒေါ်သန်းလှကပြောသည်။


ဝါးရုံမှ ဝါးကိုခုတ်ပြီး ၅ တောင်အလျားရှိ ဝါးတောင့်များကို လွှဖြင့်ဖြတ်ကာ စိပ်ယူကြောင်း သိရသည်။ အမျိုးသားတစ်ဦးလျှင် တစ်နေ့ ၃၅၀၀ ချောင်းအထိ စိပ်နိုင်ပြီး အမျိုးသမီးဆိုလျင် တစ်နေ့ ၃၀၀၀ ချောင်းလောက်အထိ စိပ်နိုင်ကြကြောင်း၊ တစ်‌ဦးလျှင် ကျပ်တစ်သောင်း‌ကျော် ဝင်ငွေရရှိကြောင်း သိရသည်။


မိသားစုတွင် အမျိုးသားက ဝါးခုတ်ပေးပြီး ကျန်မိသားစုဝင်များ စိပ်နိုင်ပါက အလုပ်အကိုင်များ ရရှိကာ မိသားစုစားဝတ်‌နေရေး အဆင်ပြေကြောင်း သိရှိရသည်။ ဝါးကို ဝယ်စရာမလိုဘဲ ဥယျာဉ်ခြံမြေများတွင် မီးရှို့ပစ်မည့်အစား ဝါးရုံများထားကာ ဖက်တံ လုပ်ငန်း လုပ်ကိုင်ကြသည်။ အဆိုပါဖက်တံကိုထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့က အဓိကဝယ်ယူကြပြီး ရွာအရောက် ဓနိဖက်လုပ်ငန်းရှင်များက လာရောက်ဝယ်ယူကြကြောင်းသိရသည်။


ခတ္တာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)