ကျောက်ဆည်မြို့တွင် ရွှေအင်း-ရှင်ငယ်ကျ ကျေးရွာချင်းဆက်ကျောက်ချောလမ်းအား ပြန်လည်ပြုပြင်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့တွင် ရွှေအင်း-ရှင်ငယ်ကျ ကျေးရွာချင်းဆက်ကျောက်ချောလမ်းအား ပြန်လည်ပြုပြင်ပေး




MNP   -   ဖေဖော်ဝါရီ   ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပျက်စီးနေသည့် ရွှေအင်း-ရှင်ငယ်ကျ ကျေးရွာချင်းဆက် ‌ကျောက်ချောလမ်းအား ပြန်လည်ပြုပြင် ပေးခဲ့ကြောင်း သိရသည်။


အဆိုပါလမ်းသည် ကျောက်ဆည်-မင်းစု-စပါယ်တော-မြစ်သားလမ်းနှင့် ဆက်သွယ်ထားသော လမ်းဖြစ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး (သာမန်)ရန်ပုံငွေ (၅၁.၅၀)ကျပ်သန်း အကုန်အကျခံကာ မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ယူပြီး အရှည်(၁/၀.၅)မိုင်၊ အကျယ်(၁၆)ပေ၊ ထု(၃)လက်မကျောက်ချောလမ်း ပြန်လည်ခင်းပေးခြင်းဖြစ်ကြောင်းသိရှိရကာ လမ်းပြန်လည်ပြုပြင်ပေးခြင်းဖြင့် ရွှေအင်း ကျေးရွာနှင့်ရှင်ငယ်ကျေးရွာများမှ ပြည်သူများ၏  ဒေသထွက်ကုန်များသယ်ယူပို့ဆောင်ရာတွင် အချိန်နှင့် ကုန်ကျစရိတ်သက်သာသွားမည့်အပြင် အဆိုပါလမ်းအား အသုံးပြုနေသည့် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)