သံတွဲမြို့၌ တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပင့်ဆောင်ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပင့်ဆောင်ပူဇော်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ







MNP   -     ဖေဖေါ်ဝါရီ ၂၀

ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီမြို့သူ/ မြို့သားများစုပေါင်းကျင်းပသည့် တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါးသည် ယမန်နေ့  နံနက်၁၁း၃၀ နာရီက  ငပလီမြို့၊ သံတွဲ လေဆိပ်မှ Memento Resort သို့ မော်တော်ယာဉ်များဖြင့် လှည့်လည်အပူဇော်ခံခဲ့ကြသည်။


ထို့နောက် ည ၇:၃၀နာရီအချိန်တွင် သံတွဲမြို့၊ နန်းချောင်းကျေးရွာ၊ သံတွဲ -ငပလီလမ်းပေါ်ရှိ  ဦးမြင့်လှိုင် ၏ ပန်းခြံအတွင်း၌ ပူဇော်ပွဲ အခမ်းအနားကိုကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားကိုနမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး တေးသံရှင် ဒေါ်အေးနှင်းခိုင်က ထူးမခြားနားရောင်တော်ဖွင့်တေးဂီတဖြင့် မြတ်ဗုဒ္ဓအား ပူဇော်ခဲ့သည်။


 ဆက်လက်၍ တိပိဋကဓရ ရေစကြိုဆရာတော် ဘဒ္ဒန္တဝါယမိန္ဒာဘိဝံသ ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓ သာသနာ့အာဇာနည်(၈)ပါးတို့ ဟောကြားချီးမြှင့်အပ်သောမေတ္တာသုတ် ပရိတ်တရားတော်များကို နာယူခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများအား သံတွဲမြို့ ယဉ်ကျေးမှုတေးဂီတအဖွဲ့က တေးထပ်၊ ရတုများကိုသီဆို၍ ပူဇော်ခဲ့ကြသည်။ ၎င်းနောက်ပူဇော်ပွဲကျင်းပရေးကော် မတီနာယက ဦးအောင်သန်းတင်က ပူဇော်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဝမ်းမြောက်စကားကို လျှောက်ထားတော်မူပါသည်။ဆက်လက်၍ ပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဌနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓ သာသနာ့ အာဇာနည်(၈)ပါးတို့အား ဂုဏ်ပြုလက်မှတ်နှင့် လှူဘွယ်ဝတ္ထုများကို ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်များ၏ ဟောကြားအပ်သော ဩဝါဒကထာ တရားတော် များကို နာယူကြကာ တိပိဋကဓရ ၊ ရခိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ က ပူဇော်လှူဒါန်းမှူအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေတော်မူပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုဆုတောင်း၍ အခမ်းအနားကိုရုတ် သိမ်းခဲ့ကြောင်းသိရသည်။ 


အဆိုပါပူဇော်ပွဲတွင် တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါးဖြစ်သည့် အရှင်ဝါယာမိန္ဒာဘိဝံသ၊ အရှင်သီလက္ခန္ဓာဘိဝံသ၊ အရှင်ဝံသပါလာလင်္ကာရ၊ အရှင်သုန္ဒရ၊ အရှင်ဣန္ဒပါလ၊ အရှင်ဣန္ဒာစရိယ၊ အရှင်ဝီရိယာနန္ဒ၊ အရှင်ပညာဝံသာလင်္ကာရာဘိဝံသ စသည့် ဆရာတော်(၈)ပါးတို့အားပင့်ဖိတ်၍ပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါးပူဇော်ပွဲမတိုင်မီ ဖေဖေါ်ဝါရီလ ၁၇/၁၈ ရက်နေ့များတွင်လည်း ပူဇော်ပွဲအကြို ညတရားပွဲများ ၊ စတုသီတာ ကျွေးမွေးလှူဒါန်းမှုများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြီး ပူဇော်ပွဲကျင်းပရေး ကော်မတီများ ၊ စေတနာရှင်အလှူရှင်များစုပေါင်း၍ ဆရာတော်များအား ( ကျပ်သိန်း ခြောက်ရာတိတိ )ကို ပူဇော်လှူဒါန်းခဲ့ကြကြောင်း ပူဇော်ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)