ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဒေသခံတောင်သူများ ဆောင်းသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး အချိန်မီ ချေးငွေများ ထုတ်ချေးပေးထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဒေသခံတောင်သူများ ဆောင်းသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး အချိန်မီ ချေးငွေများ ထုတ်ချေးပေးထား



MNP  -   ဖေဖော်ဝါရီ ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုး ရာသီတွင် ဒေသခံတောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးပေးထားကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် ထံမှ သိရသည်။


ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးယူသည့် ကျေးရွာအုပ်စု (၁)အုပ်စုသာရှိပြီး ဆောင်းသီးနှံစိုက်ဧက ၁၅ ဧက အတွက် တစ်ဧက ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်းချေးငွေကျပ် (၁၅)သိန်း ထုတ်ချေးပေးထားကြောင်း၊ ထိုသို့ ဒေသခံတောင်သူများထံ ချေးငွေများထုတ်ချေးပေးရာ၌ ချေးငွေပြန်လည်ပေးဆပ်ရမည့် အတိုးနှုန်းထားများနှင့် ချေးငွေပေးဆပ်မည့်ကာလအတွင်း အပြီးသတ်ပေးဆပ်နိုင်ရေး သိရှိလိုက်နာမည့် စည်းကမ်းချက်များကို အသိပေးရှင်း‌လင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ဒေသတွင်းရှိတောင်သူများ မိုးရာသီနှင့် ဆောင်းရာသီကာလ သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေစွာအချိန်မီစိုက်ပျိုးနိုင်ရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်းသိရပြီး ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးတောင်သူများကိုလည်း အောက်တိုဘာလ ပထမပတ်ကစပြီးထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲရုံးမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းသော် က ပြောပြ၍ သိရသည်။


လှိုင်ဝင်းလေး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)