ရှမ်းပြည်နယ်(မူလ) မင်းကွန်းဇေတဝန်သာသနာမာရ်အောင် ကမ္မဌာန်းတိုက်များ၏(၅၇)ကြိမ်မြောက် မဟာသတိပဌာန်ဓမ္မသဘင်ညီ လာခံနှင့်လင်းခေး ကမ္မဌာန်းတိုက်၏ (၇၅) ပြည့် စိန်ရတုအထိမ်းအမှတ်တရားပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(မူလ) မင်းကွန်းဇေတဝန်သာသနာမာရ်အောင် ကမ္မဌာန်းတိုက်များ၏(၅၇)ကြိမ်မြောက် မဟာသတိပဌာန်ဓမ္မသဘင်ညီ လာခံနှင့်လင်းခေး ကမ္မဌာန်းတိုက်၏ (၇၅) ပြည့် စိန်ရတုအထိမ်းအမှတ်တရားပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP   -     ဖေဖော်ဝါရီ ၄

ရှမ်းပြည်နယ် (မူလ)မင်းကွန်းဇေတဝန်သနာမာရ်အောင်ကမ္မဌာန်းတိုက်များ၏ (၅၇) ကြိမ်မြောက် မဟာသတိပဌာန်ဓမ္မသဘင်ညီလာခံနှင့် လင်းခေး ကမ္မဌာန်းတိုက်၏ (၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် တရားပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီက လင်းခေးမြို့ ကမ္မဌာန်းတိုက်အဝင် သစ်သားမုခ်ဦးကြီးနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါဖွင့်ပွဲအခမ်းအနားကို ဆရာတော်သံဃာတော်များမှဦးဆောင်၍ နမောတဿသုံးကြိမ်ရွတ်ဆို၊ ဘုရားရှိခိုးကာ စတင်ခဲ့ကြပါသည်။ ဆက်လက်၍ ရှမ်းပြည်နယ်သံ ဃာ့အဖွဲ့ချုပ် သတ္တမမြောက်မဟာနာယကဘဒ္ဒန္တအဂ္ဂသေန၊ အဂ္ဂမဟာဇောတိကဓဇ သက်တော်ရှည်ဆရာတော်ဘုရားကြီးနှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးဦးနေဝင်း၊ ပန်လိုင်းဆိုင်(မတ်ကျန်း) ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုင်းလိုင်း(လျန်း)ဆိုင်နှင့် ဟိုမိန်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်သာချောင်ချိရေးအဖွဲ့မှ ဦးစိုင်းကျော်လင်းတို့က မင်္ဂလာအချိန်တွင်ဖဲကြိုးဖြတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ဖဲကြိုးဖတ်စဉ်တွင် သံဃတော်အရှင်သူမြတ်အပေါင်းက ဇယံတောအောင်ဂါထာ ရွတ်ဆိုပူဇော်ပေးခဲ့ကြသည်။ ဆက်လက်ပြီးဆရာတော်ဘုရားကြီးနှင့် တာဝန်ရှိသူတို့ကမုခ်ဦးနေရာ၌ အမွှေးနံ့သာများပက်ဖျန်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းနောက်ဆရာတော်သံဃာတော်များနှင့် ပရိသတ်အပေါင်းက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်ပါသည်။


အဆိုပါဖွင့်ပွဲအခမ်းအနားပြီးနောက် ဆရာတော်ကြီးများဦးဆောင်၍ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ လင်းခေးတပ်နယ်မှူး၊ လင်းခေးခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကြွရောက်လာကြသော ဧည့်ပရိသတ်များက ပွဲတော်အထိမ်းအမှတ် အဖြစ်ခင်းကျင်းပြသထားသော သမိုင်းဝင်ပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။


ပွဲတော်ကျင်းပရေးကော်မတီက၎င်း ဖွင့်ပွဲအခမ်းအနားအားမကျင်းပမီ ယနေ့နံနက် ၄ နာရီ အချိန်တွင် လင်းခေးကမ္မဌာန်းကျောင်းတိုက်ဓမ္မာရုံကြီး၌ ဘုရားဆင်းတုတော် အနေကဇာတင်ခြင်း၊ ဆရာဒကာများ စုပေါင်း၍ ဘုရားဝတ်ပြုခြင်း၊ ဘုရားဆွမ်းတော်တင်လှူဆက်ကပ်ပူဇော်ခြင်းနှင့် နံနက် ၅ နာရီခွဲ၌ ဆရာတော်သံဃာတော်များထံ အရုဏ်ဆွမ်းဆက်ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။


အခမ်းအနားသို့ ရှမ်းပြည်နယ်သံဃာ့အဖွဲ့ချုပ် သတ္တမမြောက် မဟာနာယကသက် တော်ရှည်ဆရာတော် ဘုရားကြီးနှင့်သံဃာတော်များ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ လင်းခေးတပ်နယ်မှူးဗိုလ်မှူးကြီးသန့်ထင်စိုးနှင့်တာ ဝန်ရှိသူများ၊ ပန်လိုင်းဆိုင်(မတ်ကျန်း) ဒေသဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုမိန်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်သာချောင်ချိရေးမှ တာဝန်ခံနှင့်အဖွဲ့ဝင်များ၊ လင်းခေးခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံရှမ်းတိုင်းရင်းသား ယဉ်ကျေးမှုအသင်းအဖွဲ့များမှ တိုင်းရင်းသားတိုင်းရင်းသူ လူငယ်မောင်မယ်များ၊ ညီလာခံပွဲတက် ရောက်လာကြသော ရှမ်းပြည်နယ်လုံးဆိုင်ရာ ကမ္မဌာန်းတိုက်(၃၆)တိုက်မှ ကိုယ်စားလှယ်များနှင့် အမြို့မြို့အနယ်နယ်မှ တရားပွဲလာဓမ္မ မိတ်ဆွေပြည်သူလူထု စုစုပေါင်းအင်အား (၃၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


စိုင်းဇော်လတ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)