ဂွမြို့တွင်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များကျောင်းသားကျောင်းသူများထံအခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များကျောင်းသားကျောင်းသူများထံအခမဲ့ဖြန့်ဝေ





MNP   -    ဖေဖော်ဝါရီ  ၁၀

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ ညနေပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။


အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှပြည်ထောင်စုစိတ်ဓာတ် ခေါင်းစဉ်ဖြင့် ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်းက ဖဆပလအဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်းမှ အေးအတူပူအမျှခေါင်းစဉ်ဖြင့် ကောက်နုတ်ချက်၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်နှင့်စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ ခေါင်းစဉ်ဖြင့်အသိပညာပေး အကြောင်းအရာများ၊ ပြည်ထောင်စုနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြခဲ့သည့် ဖိုလေးလုံး သောင်းကိုကိုရေးသားသည့် စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့ ခေါင်းစဉ်ဖြင့် ကဗျာနှင့် ကာတွန်းများကို ကဏ္ဍစုံလင်စွာ ဖော်ပြထားကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)