MNP - ဖေဖော်ဝါရီ ၈
ဒေသခံပြည်သူများသွားလာမှု လွယ်ကူချောမွေ့စေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း/ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ရန်ရည်ရွယ်ပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ရင်ဖုန်းမီးပွိုင့်အနီးတွင် ယနေ့ နံနက်(၉) နာရီအချိန်က မော်တော်ဆိုင်ကယ် မောင်းနှင်လာသူများအား ဆိုင်ကယ်ဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခြင်းကို အမှတ်(၁၂၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လောက်ကိုင်)မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကိုဦးနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၁၂၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (လောက်ကိုင်) ဒုရဲမှူး အောင်လွင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်လိုင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးပါဝင်သော စုပေါင်းအဖွဲ့သည် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်လာသောသူများအနက် ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားခြင်းမရှိသောသူများအား “ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ”စတစ်ကာအား မော်တော်ဆိုင်ကယ်များတွင်ကပ်ထားပေးခြင်း၊ Fanfang တံဆိပ် ဆိုင်ကယ်စီးဦးထုပ်များကို အခမဲ့ပေးဖြန့်ဝေခြင်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခြင်းများအား ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment