ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတား တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


MNP   -   ဖေဖော်ဝါရီ ၁၇

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)မြစ်ကူးတံတားတည်ဆောက်ရေးစီမံကိန်း ရန်ကုန်ဘက်ခြမ်းလုပ်ငန်းခွင်သို့ရောက်ရှိရာ စီမံကိန်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက တံတားစီမံကိန်းလျာထားချက်နှင့် ဆောင်ရွက်ပြီးစီးမှု၊ ရန်ကုန်ဘက်ခြမ်းဘုန်းကြီး လမ်းတစ်လျှောက် ချဉ်းကပ်တံတားလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့်ဆင်ခြေလျှောတံတားနှစ်စင်း ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။


ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊ တည်ဆောက်ရေးပစ္စည်းများ မှန်ကန်စွာအသုံးပြုရေးနှင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာပြီးစီးရေး ဦးစားပေးလုပ်ငန်းအလိုက် ဆောင်ရွက်ရန်မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းလုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိရာ စီမံကိန်းကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်နှင့် ကန်ထရိုက်တာအဖွဲ့က မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားဖြစ်ပေါ်လာပုံ၊ တံတားဆိုင်ရာအချက်အလက်များ၊ တံတားတည်ဆောက် ရေးလုပ်ငန်းများအပိုင်းလိုက် ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားလုပ်ငန်းခွင်၊ ရန်ကုန်ဘက်ခြမ်း PY 2 ဘိုးပိုင်လုပ်ငန်းများ၊ ပိုင်တိုင်ထိပ်အုပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဒလ ဘက်ခြမ်း PY 1 ဘိုးပိုင်နှင့် ပိုင်တိုင်ထိပ်အုပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက် နေသည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။


မြန်မာနိုင်ငံရှိ သံမဏိကြိုးဆိုင်းတံတားများအနက် ယခုတည်ဆောက်နေသည့် မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ) မြစ်ကူးတံတားသည် အကြီးဆုံးနှင့်အရှည်ဆုံးဖြစ်ပြီး တံတားအရှည် ၆၁၂၈ ပေ၊ ပင်မတံတားအရှည် ပေ ၂၂၆၄၀၊ ရန်ကုန် ဘက်ကမ်းချဉ်းကပ်တံတားအရှည် ပေ ၁၈၉၁၊ ချဉ်းကပ်တံတားအကျယ်(နှစ်လမ်းသွား) ၄၇ ပေဖြစ်ကြောင်း၊ ဒလဘက်ခြမ်းတွင် ချဉ်းကပ်တံတားအရှည် ၁၉၇၂ ပေ၊ ချဉ်းကပ်တံတားအကျယ် (လေးလမ်းသွား) ၈၇ ပေ၊ ရန်ကုန်ဘက်ခြမ်းတွင် ဆင်ခြေလျှောတံတားများအကျယ် ၂၃ ပေရှိပြီး တံတားအောက် ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ရန် အမြင့်ပေ ၁၆၀ နှင့် ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ပေရှိပြီး တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ကြောင်း၊ မြန်မာအင်ဂျင်နီယာများအနေဖြင့် သံမဏိကြိုးဆိုင်းတံတားဆိုင်ရာပုံစံထုတ်လုပ်ခြင်းနှင့် ခေတ်မီနည်းပညာများ၊ နည်းစနစ်များနှင့် အတွေ့အကြုံများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါတံတား စီမံကိန်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် မေလမှ လုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါတံတား တစ်စင်းလုံးလုပ်ငန်းပြီးစီးမှု ၅၃ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)