စခန်းကြီးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စခန်းကြီးကျေးရွာအုပ်စုတွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်




MNP    -    ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများတို့က လက်ဝယ်အရောက် ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။


အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင်တာဝန်ရှိသူတို့က လက်ပန်‌ကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် နိုင်ငံတော်မှ ထောက်ပံ့သည့်လူမှုရေးပင်စင်တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် အဘိုး/ အဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။


အေးအေးနွဲ့

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)