တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့်အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ စာပေဖတ်ရှုသည့်အလေ့အထကောင်းရရှိစေရန် စာဖတ်ဝိုင်းကျင်းပ


MNP   -    ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် များပူးပေါင်းကာ မြို့နယ်အတွင်းရှိ စာဖတ်ဝါသနာပါသူများနှင့်အတူ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ စာရေးဆရာ ဒေါက်တာမြင့်သန်း(ညောင်လေးပင်) ရေးသားထားသည့် “မြို့ကြီးများနှင့်ကျန်းမာရေးပြဿနာများ” စာအုပ်ကို ယနေ့မွန်းလွဲ ၂နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင် ကျင်းပသည်။


စာဖတ်ပိုင်းတွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ - ပျဉ်းမနား)နှင့်အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင် (သင်းသင်းလှိုင်- တပ်ကုန်း)တို့က စာပေဝါသနာပါသူများနှင့်အတူ မြို့ကြီးများနှင့်အပူချိန်မြင့်မားလာမှု၊ သစ်ပင်စိုက်ပါကျန်းမာမှာ၊ မြို့ပြများနှင့်သစ်ပင်များ၊ ကျန်းမာရေးအထောက်အကူပြု၊ မြို့ကြီးများ၏ အမှိုက်သရိုက်များစွန့်ပစ်မှုနှင့်ကျန်းမာရေးပြဿနာများ၊ မြို့ကြီးများနှင့်ဆူညံသံများ ခေါင်းစဉ်များနှင့် အခြားဗဟုသုတများ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် စာဖတ်ဝိုင်းများကိုလည်း လစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)