MNP - ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အင်တောနယ်မြေမီးသတ်စခန်းမှ စာသင်ကျောင်းအခြေပြုမီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွှဲပိုင်းက အဆိုပါကျောင်းရှေ့တန်းစီကွင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးဝင်းမောင်က ကျောင်းသား ကျောင်းသူများအား မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ပြည်သူအကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများအကြောင်း၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဟောပြောသည်။
ယင်းနောက်မီးသတ်တပ်ဖွဲ့ဝင်များက သဘာဝအန္တရာယ်များဖြစ်ပွားလာပါက ထိခိုက်ပျက်စီး ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သရုပ်ပြသခြင်း၊ မီးဘေးအန္တရာယ်များကြုံတွေ့လာပါက အဆင်သင့်ငြိမ်းသတ်နိုင်ရန်အတွက် မည်သည့်နေရာတွင် မဆို ကနဦးမီးငြှိမ်းသတ်နိုင်ရေး၊ ကယ်ဆယ်ရေးဆောင်ရွက်မှုများ၊ မီးလောင်ကျွမ်းရခြင်း၏ သဘောတရာများစသည့် မီးလောင်ကျွမ်းမှုဆိုင်ရာများနှင့် လျှပ်စစ်မီး၊ လောင်စာဆီမီး၊ သဘာဝမီးဘေး အန္တရာယ်များ မီးသတ်ယာဉ်ဖြင့်မီးသတ်ခြင်း၊ မီးသတ်ဆေးဘူးများဖြင့် မီးငြှိမ်းသတ်နည်းများကို ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
အောင်ခိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment