MNP - ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိ ပညာပေးဟောပြောခြင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က လက်ကောက်ဈေးရပ်ကွက် မြို့ဦးဂေါင်းကျောင်းတိုက် ယာယီတိုက်ပွဲရှောင်စခန်း၌ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေး မှ ဟောပြော ရာ တွင် သဘာဝဘေးအန္တရာယ်သည် လူသားတို့အား ထုတ်မှုကြောင့်မဟုတ်ဘဲ သဘာဝ တရား ကြောင့် ဖြစ်ပွားသောဘေးအန္တရာယ်များဖြစ် ကြောင်း၊ သဘာဝဘေး အန္တရာယ် များသည် ဘေးဒဏ်ခံရသော ဒေသခံ၊ ခိုလှုံရန်အကာအ ကွယ် ရနိုင်မှုအခြေအနေ ၊ ဘေးအန္တရာယ်၏ ပြင်းအားစသော အချက်များပေါ်မူတည်၍ ဘေး အန္တရာယ်ခံရသော ဒေသ (သို့မဟုတ်) နိုင်ငံ၏ စီးပွားရေး၊ ဒေသခံတို့၏ အသက် အိုးအိမ်၊ စည်းစိမ် နှင့် ထိုဒေသ၏ ဖွံ့ဖြိုး တိုး တက်ရေးတို့တွင် အကျိုးသက်ရောက်မှုများစွာရှိကြောင်း စသည့် အကြောင်းအရာများကို ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ မြို့ဦးဂေါင်းကျောင်းတိုက် ယာယီတိုက်ပွဲရှောင်စခန်းမှ ပြည်သူများ တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာ စောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment