နတ်မောက်မြို့၌ ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်း အလေ့အထတို့ကိုလျော့ချနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့၌ ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်း အလေ့အထတို့ကိုလျော့ချနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ



MNP   -   ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကွမ်းစားခြင်းနှင့်ဆေးလိပ်သောက်ခြင်း အလေ့အထတို့ကိုလျော့ချနိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က ဆေးလိပ်သောက်ခြင်းနှင့်ကွမ်းစားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးများ၊ ကျန်းမာရေးဗဟုသုတရရှိစေရန် ပညာပေးစာအုပ်စာစောင်များအား ကျောင်းသား/သူများ လေ့လာဖတ်ရှုသင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်က ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါများအကြောင်း ဆွေးနွေးပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စန်းတင့်က ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးများ ၊ ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ်၊ ဆေးလိပ်ဆေးရွက်ကြီးတွင်ပါဝင်သည့် ဓာတ်ပစ္စည်းအကြောင်း၊ ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကို ဘာကြောင့်စွဲလမ်းသလဲ၊ ဆေးလိပ်ဆေးရွက်ကြီးကြောင့် ဖြစ်ပေါ်လာသောရောဂါများ၊ သတိပြုလိုက်နာရမည့်အချက်များ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသော ကျောင်းသား/သူများကသိရှိလိုသည်များကိုမေးမြန်း ဆွေးနွေးခဲ့ကြပြီး  ကျန်းမာရေးဌာနကဆရာမ ကပြန်လည်ဖြေကြားခဲ့သည်။အခမ်းအနားပြီးတွင် တက်ရောက်လာသူများမှ  မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ မြို့နယ်ပညာရေးမှူး ဦးသန်းထိုက်နှင့် ဆရာ/မများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းဌေ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်နှင့် ဝန်ထမ်းများ၊  မြို့နယ်ကျန်း မာရေးဌာနမှ ဆရာ/မ များ၊ ကျောင်းသား/သူ စုစုပေါင်းအင်အား(၂၀၀)ဦးခန့်  တက်ရောက်ခဲ့သည်။


လှဝင်း  

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)