MNP - ဖေဖော်ဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထက(ပေါက်ခေါင်း)၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရ သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်နှင့် လူငယ်များ၏ရည်ရွယ်ချက် ရည်မှန်းချက်များထားရှိရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်လက်ကြံ့ခိုင်စေရေးအထူး အလေးထား ဂရုပြုရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ဝေးဝေးမှရှောင်ရှားကြရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များအကြောင်း၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ သမိုင်းဝင်ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန် ဟောပြောခဲ့သည်။
ယင်းနောက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးသည့် မှတ်တမ်းနံရံကပ်စာစောင်များ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓာတ်ပုံများကို ဗဟုသုတဖြစ်ဖွယ် ပြသပေးရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment