ပုသိမ်ကြီးမြို့နယ်တွင် သစ္စာအဓိဌာန်အောင်ရွှေစာရံဘုရားကြီး၏ (၇၅)နှစ်မြောက်စိန်ရတု ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင် သစ္စာအဓိဌာန်အောင်ရွှေစာရံဘုရားကြီး၏ (၇၅)နှစ်မြောက်စိန်ရတု ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်


MNP  -   ဖေဖော်ဝါရီ   ၂၄

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ သစ္စာအဓိဌာန်အောင် ရွှေစာရံဘုရားကြီး၏ (၇၅)နှစ်မြောက် စိန်ရတုဗုဒ္ဓပူဇနိယပွဲတော် ဖြစ်မြောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီက ရွှေစာရံကျေးရွာ ဗုဒ္ဓသန္တက မဟာဓမ္မဗိမာန်တော်ကြီးတွင်ကျင်းပခဲ့သည်။


အခမ်းအနားတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမှ ယခုအစည်းအဝေးသည် ဘုရားပွဲတော်ဖြစ်မြောက်ရေး (၃) ကြိမ်မြောက် အစည်းအဝးဖြစ်ပါကြောင်း၊ စိန်ရတုအထိမ်းအမှတ် ဖြစ်သည်နှင့်အညီ ယခင်နှစ်များစွာနှင့်မတူ ပိုမိုစည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စိန်ရတုအခါသမယတွင် ပိုမိုစည်းကားသိုက်မြိုက်စေရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်  ပွဲတော်ကာ လတစ်လျှောက်အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ခြင်း၊ ဓမ္မစက်ကြာ ရွတ်ဖတ်ပူဇော်ခြင်း၊ ငါးလွှတ်ပွဲများ၊ စိန်ရတုအထိမ်းအမှတ် လမ်းသစ်ဖွင့်လှစ်ခြင်း၊ အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးခြင်း၊ ပင့်သံဃာတော် အရှင်သူမြတ်တို့အား စာရေးတန်မဲ လောင်းလှူခြင်း၊ ရိုးရာခြင်းလုံးအလှခတ်ပွဲများ၊ ရိုးရာယဥ်ကျေးမှုကပွဲများ၊ မြို့မတီးဝိုင်းဖျော်ဖြေမှု၊ အငြိမ့်သဘင်များ၊ စတုဒီသာကျွေးမွေးခြင်းနှင့် တရားပွဲများ ထည့်သွင်းကာကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မြို့ နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးမှ ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ကော်မတီအလိုက် လုပ်ငန်းတာဝန်များအား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး ရွှေစာရံဘုရားဂေါပကဥက္ကဋ္ဌ ဦးအောင်မင်းက ဆောင်ရွက်မည့်အစီအစဥ်များကို ချပြဆွေးနွေးခဲ့ပြီးနောက် ဌာနဆိုင်ရာ ကော်မတီဝင်များနှင့် တက်ရောက်လာသူများမှ လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)