MNP - ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းပဲတီစိမ်းသီးနှံများစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်တွင် ပဲတီစိမ်း သီးနံများကို ရေပုတ်၊ ဇရပ်ကြီး၊ မန်းကျိုး၊ နိဗ္ဗာန်ကျွန်း၊ ပဒေသာကျွန်း၊ ငွေသောင်၊ သီးကုန်း၊ မုန်တောင်၊ ချောင်းဖြူ၊ ဆင်ခေါင်း၊ ရွာသယာကျေးရွာများတွင် စိုက်ပျိုးခဲ့ကြောင်းလည်း သိရသည်။
ပဲတီစိမ်း စိုက်ပျိုးရာတွင် သီးနှံများအောင်မြင် ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းပြီး နည်းပညာများကို စနစ်တကျပြသကာ ပက်ကြဲစိုက်ပျိုးခြင်းနှင့် အတန်းလိုက် စိုက်ပျိုးခြင်း၏ ကွဲပြားပုံများကိုလည်း ရှင်းလင်းပြသ ပေးခဲ့ကြသည်။ အတန်းလိုက်စိုက်ပျိုးပါက အပင်များ လေဝင်လေထွက်ကောင်းမွန်ပြီး အပင်ဖြစ်ထွန်းမှု မြန်ဆန်ကာ အထွက်နှုန်း ကောင်း၍ အပင်များ ရှုပ်ထွေးမှုမရှိသည့်အတွက် ပိုးကျရောက်မှုလည်းနည်းကြောင်း၊ သို့သော် ပဲတီစိမ်းစိုက်ပျိုးရာတွင် မြေအမျိုးအစားနှင့် အစိုဓာတ်ရရှိမှုအပေါ်မူတည်ပြီး အထွက်နှုန်းများကွဲပြားကာ တစ်ဧက လျှင် ၁၅ တင်းမှ တင်း ၃၀ အထိ၊ အမျိုးမျိုးထွက်ရှိကြောင်း၊ မင်းဘူးမြို့၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ လ/ထဦးစီးမှူး ဦးဇော်မင်းသူက ပြောသည်။
ဇေယျာထက်
https://t.me/MyanmarNationalPost
No comments:
Post a Comment