သုံးခွမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ရေးမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ


MNP   -    ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ သားအိမ်ခေါင်း ကင်ဆာကာကွယ်ရေးမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးသူနာပြုတက္ကသိုလ် မိခင်နှင့်ကလေးကျန်းမာရေးသူနာပြုစုမှု ပညာဌာနမှပါမောက္ခဌာနမှူး(ငြိမ်း) ဒေါ်ခင်သိမ်းက ကင်ဆာနှင့်သားအိမ်ခေါင်းကင်ဆာသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးမီးယပ်နှင့် ကင်ဆာအထူးကုဆရာ၀န်ကြီး ဒေါက်တာမြင်မြင့်သင်းက သားအိမ်ခေါင်းကင်ဆာကာကွယ်ခြင်းနှင့်စစ်ဆေးခြင်း၊ ရန်ကုန်သူနာပြုတက္ကသိုလ် လူကြီးကျန်းမာရေးသူနာပြုစုမှု ပညာဌာနမှ သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးချိုက Visual Inspection with acetic acid(VlA)စစ်ဆေးခြင်းစသည့် သက်ဆိုင်ရာခေါင်းစဉ်များအလိုက် ပရိုဂျက်တာဖြင့် သုံးခွမြို့နယ်အတွင်းရှိ အမျိုးသမီးကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများအား အကျယ်တဝင့်ရှင်းလင်းပို့ချခဲ့ကြောင်း သိရသည်။


သားအိမ်ခေါင်းကင်ဆာကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးကျန်းမာရေးဆရာမ ၂၂ ဦး၊ သားဖွားဆရာမ ၂၃ ဦး စုစုပေါင်း ၄၅ ဦးတက်ရောက်ခဲ့ကြပြီး ကျေးရွာများတွင်လည်း လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စည်သူလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)