မင်းဘူးမြို့တွင် ကြက်သွန်နီများ ဝင်ရောက်မှုနည်းသော်လည်း အရောင်းအဝယ်အေး၍ ဈေးကျဆင်းလာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့တွင် ကြက်သွန်နီများ ဝင်ရောက်မှုနည်းသော်လည်း အရောင်းအဝယ်အေး၍ ဈေးကျဆင်းလာ




MNP  -   ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဇန်နဝါရီလမှ စတင်ကာ ကြက်သွန်နီဝင်ရောက်လာမှုနည်းသော်လည်း အရောင်းအဝယ်အေး၍ ဈေးကျဆင်းလာကြောင်း ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။


လက်ရှိ မင်းဘူးမြို့ ဈေးကွက်အတွင်း ကြက်သွန်နီ လက်ကားဈေး တစ်ပိဿာကျပ် ၁၄၀၀-၁၅၀၀ ဈေးသာ ရောင်ချရပြီးတစ်နေ့လျှင် ပိဿာချိန် ၂၀၀၀၀ ဝန်းကျင်ခန့်သာဝင်ရောက်ကာ ကြက်သွန်နီဝင်ရောက်မှုနည်းသော်လည်း အရောင်းအဝယ်အေး၍ ဈေးကျဆင်းလာကြောင်း ကြက်သွန်ပွဲစားကိုသာပေါက ပြောသည်။


ယခင်က ကြက်သွန်နီများကို မင်းဘူး(စကု)မြို့နယ်အပြင် ရေနံချောင်းကျွန်းစပ်မှ ကျေးရွာများဖြစ်သော မန်ပြေ၊ အနောက်စု၊ အရှေ့စု၊ ရွာသစ်၊ တလင်းကုန်း၊ ညောင်ကုန်း၊ ကတွတ်ပေါက်ကျေးရွာများမှ တစ်နေ့လျှင် ပိဿာချိန် ၅၀၀၀၀ ခန့်လာရောက်ရောင်းချကြသော်လည်း ယခုအချိန်တွင် ဥစိုက်ကြက်သွန်များ တုံးသွားပြီဖြစ်သလို အပင်စိုက်တောင်သူထဲမှ ဦးသူများသာ နုတ်သိမ်းရောင်းချနေသည့် အချိန်ဖြစ်၍ ကြက်သွန်အဝင်နည်းနေကြောင်း မန်ပြေကျေးရွာ ကြက်သွန်စိုက်တောင်သူများထံမှ သိရသည်။


မင်းဘူးမြို့၏ လက်ရှိကြက်သွန်နီလက်ကားဈေးနှုန်း(ကြီး) ၁၄၀၀-၁၅၀၀၊ (အလတ်) ၁၁၀၀-၁၂၀၀၊ (အသေး) ၉၀၀-၁၀၀၀ နှင့် လက်လီဈေးနှုန်း(ကြီး) ၁၉၀၀-၂၀၀၀၊ (အလတ်)၊ ၁၆၀၀-၁၈၀၀ နှင့် (အသေး) ၁၃၀၀-၁၄၀၀ ကျပ်သာရှိပြီး ယခင်လများနှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းနေကြောင်း ကြက်သွန်နီစိုက်တောင်သူများက ပြောပြသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)