MNP - ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ယမန်နေ့မွန်းလွဲပိုင်းက မြတ်ညီနောင်စေတီတော်ဘုရားကုန်းတော်ပေါ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဝမ်းတွင်းမြို့ရှိ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီးသည် ကျန်စစ်သားမင်းကြီးနှင့် ထီးလှိုင်ရွာသူ ဇနီးခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်ပြီး နေ့စဉ်ဘုရားပွဲတော်များကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကာ မြို့နယ်အတွင်းရှိ ဆရာတော် သံဃာတော်ရှင်သူမြတ်တို့အားပင့်ဖိတ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ကျင်းပပြုလုပ်ခဲ့တာလည်း ယနေ့တိုင်ဖြစ်ပါသည်။ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးတွင် ဘုရားအမှူးပြုသော ပင့်သံဃာ(၆၃)ပါးအား မဟာဓမ္မဗိမာန်မှစတင်၍ ဘုရားအတက်လမ်းအတိုင်း မြတ်ညီနောင်စေတီတော်(၂)ဆူအား လက်ယာရစ်လှည့်ပတ်၍ ဆွမ်းဆန်စိမ်းအလှူခံရာ ပြည်သူများမှ လမ်းဘေးဝဲယာကနေ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူခဲ့ကြကြောင်း သိရသည်။
အဆိုပါ သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်လှူပွဲကြီးသို့ မြို့နယ်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော် သံဃာတော်ရှင်သူမြတ်များကကြွရောက်ခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းအစုစုကို လောင်းလှူခဲ့ကြကြောင်း သိရသည်။
ရဲမျိုးသက်
https://t.me/MyanmarNationalPost
No comments:
Post a Comment