MNP - ဖေဖေါ်ဝါရီ ၁၈
ကျိန္တလီမြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် (၇)နာရီအချိန်တွင် ကျိန္တလီမြို့၊ လယ်တီဘုန်းတော်ကြီးကျောင်းတွင် သန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာသို့ ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျိန္တလီမြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးနိုင်မင်းအေးနှင့် ဝန်ထမ်းများ၊ မြို့ငါးလုပ်ငန်းဦးစီးဌာန မြို့ဦးစီးမှူး ဦးကိုကိုနိုင်၊ ကျိန္တလီ နယ်မြေရဲစခန်းမှ စခန်းမှူး ဦးဘိုဘိုကျော်နှင့်တပ်ဖွဲ့ဝင်များ၊ ကျိန္တလီနယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးခင်မောင်ညို၊ ဌာနဆိုင်ရာများ၊ “ရက္ခိတ” ပရဟိတ အသင်းသူအသင်းသားများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများတို့မှ လယ်တီတောင်ပေါ် စေတီတော်မြတ်ကြီး၏ တောင်ဘက် ကမ်းပါးရံရှိ သစ်ပင်ခြုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်သိမ်းခြင်း၊ အမှိုက်ခြောက်များအား မီးရှို့ရှင်းလင်းခြင်းနှင့် ပြန်လည်ပြုပြင်မွန်းမံနေသော စေတီတော်မြတ်ကြီး၏ အာရုဏ်ခံတန်စောင်းအား ဝိုင်းဝန်း နေရာချကာ လုပ်အားဒါနပြုခဲ့ကြသည်။ အဆိုပါ သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ စုပေါင်း၍ အပတ်စဉ် (စနေနေ့)တိုင်း သန့်ရှင်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment