နမ့်ဆန်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်ရုံးဝန်ထမ်းများအား စာအုပ်စာစောင်များ ဌားရမ်းပေးခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ဆန်မြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်ရုံးဝန်ထမ်းများအား စာအုပ်စာစောင်များ ဌားရမ်းပေးခြင်း ဆောင်ရွက်


MNP   -    ဖေဖော်ဝါရီလ ၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဌာနဆိုင်ရာ ရုံးဝန်ထမ်းများနှင့် ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များဌားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က မြန်မာ့စီးပွားရေးဘဏ် ရုံးဝန်ထမ်းများအား သွားရောက် ဌားရမ်းပေးခဲ့သည်။


နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင်များ ဌားရမ်းပေးရာတွင် စာပေချစ်သူ စာဖတ်ပရိသတ်အကြိုက်တွေ့စေမည့် စာအုပ်စာစောင်များကို တပတ် ဌားရမ်းပေးပြီး ရက်ပြည့်လျှင် စာအုပ်စာစောင်များ အလဲအလှယ်စနစ်ဖြင့် ဌားရမ်းပေးလျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)