ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပ





MNP   -     ဖေဖော်ဝါရီ    ၉

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့နံနက်ပိုင်းကမြို့နယ် အားကစားရုံ၌ စတင်ကျင်းပခဲ့ကြောင်းသိရသည်။


ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မှဦးစီးအရာရှိ ဒေါ်အေးသီတာအောင် ကပြိုင်ပွဲဝင် စည်းကမ်းများပြောကြားပြီး စတင်ယှဉ်ပြိုင်ကစားကြမည့်အားကစားသမားများအား မဲနိုက်ပြီးပြိုင်ပွဲကိုပြိုင်ပွဲဝင် (၈)သင်းဖြင့်ပါဝင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၉)ရက်နေ့မှ (၁၁)ရက်နေ့အထိ(၃)ရက်ကြာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကြောင်းသိရသည်။


အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံကောင်စီအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ ၊ဌာနဆိုင်ရာများ အားကစား ဝါသနာရှင်များ ၊ဖိတ်ကြားထားသည့် ဧည့်သည်တော်များ က တက်ရောက်အား‌ပေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)