မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေး ဟောပြောပွဲအခမ်းအနားကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က  ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


ဟောပြောပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က  အဖွင့်အမှာစကား ပြောကြားရာ၌ ကလေး သူငယ်အခွင့်အရေးဆိုင်ရာများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ခရိုင်/မြို့နယ် အဆင့် အဖွဲ့ကော်မတီများ ဖွဲ့စည်းထားကြောင်း၊ ခရိုင်အတွင်းရှိ ကလေးသူငယ် များ ဆိုင်ရာအခွင့်အရေးများ ၎င်းတို့နှင့်ဆိုင်သည့် ဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ ထိရောက်စွာ သိရှိနိုင်ရေးအတွက် ယခုလို အသိပညာပေး ဟောပြောပွဲကို  စီစဉ်တာဖြစ်ကြောင်း၊ တက်ရောက်လာသူများမှ ရပ်ကွက်အတွင်းရှိ ပြည်သူများထံသို့ အသိ ပညာပေး ဖြန့်ဝေပေးရန်လိုကြောင်း စသည့်ဖြင့် ပြောကြားသည်။


ဆက်လက်ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်လှက ကလေးလူငယ် အခွင့် အရေးဆိုင်ရာများ၊ အသက်အရွယ်အလိုက် ရသင့်ရထိုက်သည့် အခွင့်အရေးများကို Projector ဖြင့် ရှင်းလင်းဆွေးနွေးပြီး ခရိုင်ဥပဒေအရာရှိ ဦးဆွေဦးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊ ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေး သည်။


အဆိုပါ ဟောပြောပွဲသို့ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြိုနယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ ရပ်ကွက်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူတစ်ဦးကလည်း “ကျွန်တော်တို့အနေနဲ့ ယခုလို အသိပညာပေး ဟောပြောပွဲရှိတာသိရလို့ လိုလားစွာ လာတက်ရောက်တာပါ ကျွန်တော် တို့အနေနဲ့ စောစောက ကလေးသူငယ်အခွင့်အရေးတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မသိဘူးပေါ့ဗျာ၊ ဒါတွေနဲ့ပတ်သက်လို့ ဟောပြောရှင်းပြ သွားတော့ မသိတာတွေ တော်တော်များများကို သိလိုက်ရပါတယ်၊ ကျွန်တော်ကိုယ်တိုင်ကလည်း ရပ်မိရပ်ဖ တစ်ဦးအနေနှင့် ကြုံတွေ့နေရတာဆိုတော့ နောက်နောင် ကလေးသူငယ်နှင့်ပတ်သက်တဲ့ အခွင့်အရေးတွေနဲ့ ကြုံတွေ့လာရင် ရရှိလာတဲ့ ဗဟုသုတတွေနဲ့ နည်းလမ်းတွေသိရပါတယ်၊ ဒီဟောပြောပွဲကို မတက်ခင်ကနဲ့ တက်ပြီးအနေအထား ကွာခြားသွားပြီလေ၊ ကျွန်တော်တို့ သိလာတာတွေ အချက်အလက်တွေကို ပတ်ဝန်းကျင်ကို မျှဝေ သွားမှာပါ၊ ကလေးသူငယ်နှင့် ပတ်သက်လို့ အရင်ကကြုံတွေ့ဖူးတယ်၊ ဒီလိုဟောပြောပွဲတွေ မတက်ဖူး တော့ မသိဘူးပေါ့ဗျာ၊ သက်ဆိုင်ရာ ရဲစခန်းနဲ့ပဲ ချိတ်ဆက်ပြီး ဆောင်ရွက်တာပေါ့၊ အခုမှ  နည်းလမ်းတွေ သိရတာ ဖြစ်ကြောင်း” ပြောကြားသွားသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)