မိုင်းကိုင်မြို့နယ်၌ (၄၃)ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းကိုင်မြို့နယ်၌ (၄၃)ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲတော်ကျင်းပ



MNP   -   ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရေးအတွက် စာဖြေရှင်သာမဏေများ၏ (၄၃)ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မ ပါလစာပြန်ပွဲတော်ကို ယမန်နေ့ တပေါင်းလဆန်း ၁ ရက်နေ့၊ နေ့လည် ၁ နာရီမှစ၍ မိုင်းကိုင်မြို့နယ်၏ စာဖြေဌာနများဖြစ်သော မြို့လယ်ဓမ္မာရုံ၊ တုံလော(မြောက်) ပရိယတ္တိစာသင်တိုက်၊ ပန်ကေတု(နားနေ) ပရိယတ္တိစာသင်တိုက်၊ မိုင်းယွန်း(ကျောင်းလုံ) ပရိယတ္တိစာသင်တိုက် စသည့်စာဖြေဌာနလေးခုတွင် စာပြန်ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သည်။


စာပြန်ပွဲတော်သို့ မိုင်းကိုင်မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းပေါင်း (၂၈)ကျောင်းမှ စာဖြေရှင် သာမဏေစုစုပေါင်း ၅၆၆ ပါးတို့က ဝိနယ၊ သုတ္တန်၊ အင်္ဂလိပ်စာ၊ မြန်မာစာ၊ ရှမ်းစာစသည့် ဘာသာရပ်များအား စာဖြေဌာနအသီးသီးတွင် ဝင်ရောက်ဖြေဆိုလျက်ရှိပြီး စာပြန်ပွဲတော်ကို တပေါင်း လဆန်း ၁ ရက်နေ့မှ တပေါင်းလဆန်း ၇ ရက်နေ့အထိ ၇ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


အဆိုပါစာပြန်ပွဲတော်သို့  မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်  ဘဒ္ဒန္တရေဝတနှင့် စာပြန်ပွဲတော်ကျင်းပရေး တာဝန်ရှိရဟန်းသံဃာတော်များက ကြွရောက်ကြည့်ရှုအားပေးခဲ့ကြပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များကလည်း စာပြန်ပွဲတော် အောင်မြင်စွာကျင်းပပြီးစီးရေးအတွက် လိုအပ်သည်များ သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ချော

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)