MNP - ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင် သစ်ထုတ်ယူမှု လျော့နည်းပပျောက်ရေး လူထုပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ် (၂) နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲကို လွိုင်လင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်၊ လွိုင်လင်မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုး၊ လွိုင်လင်မြို့နယ် ဥပဒေရုံး ဒု-ဥပဒေအရာရှိ၊ ပင်လုံနယ်မြေရဲစခန်းမှ စခန်းမှူး ဦးတင်မိုးလှိုင်၊ ပင်လုံမြို့ စည်ပင်သာယာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဦးနှင့် လွိုင်လင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးငြိမ်းချမ်းတို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် တရားမဝင်သစ်ထုတ်ယူမှု လျော့နည်းပပျောက်စေရန် အသိပညာပေးအကြောင်းအရာများကို အသီးသီးဟောပြောဆွေးနွေးခဲ့ပါသည်။
၎င်းအခမ်းအနားသို့ မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာမှ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment