ပုဂံခေတ်မှ ယနေ့တိုင် ထင်ရှားလျက်ရှိသော မန်းချောင်းလွင်ပြင်မှ မြောင်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဂံခေတ်မှ ယနေ့တိုင် ထင်ရှားလျက်ရှိသော မန်းချောင်းလွင်ပြင်မှ မြောင်းများ






MNP   -   ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့ မန်းချောင်းလွင်ပြင်ရှိ မြောင်းများမှာ ပုဂံခေတ်မှ ယနေ့အထိ အထင်အရှားရှိခဲ့ကြကြောင်း သိရသည်။ထိုထင်ရှားသောမြောင်းများမှ ရှေးယခင် မြောင်များဖြစ်ကြသော ၁။ ရွှေမြောင်း၊ (၂) ပေါင်းလောင်းမြောင်း၊ (၃) ပွေးကျစ်မြောင်း၊ (၄) လုလင်သည်မြောင်း၊ မြောင်းနက်‌မြောင်း၊ (၆) ကျက်ခေါင်းမြောင်း၊ (၇) စကားမြောင်း၊ (၈) နဘူးမြောင်း၊ (၉) ပေတောမြောင်း၊ (၁၀) ရိုးမရို့မြောင်း၊ (၁၁) မယ်ကံ မြောင်းတို့ဖြစ်ပြီး ယခုလက်ရှိ မြောင်းမကြီးများနှင့် လက်ခွဲမြောင်းများမှာ ၁။ မန်းမြောင်းမကြီး/ရွှေမြောင်းကြီး၊ (၂) ကုလားဟောင်းမြောင်း၊ (၃) မရှက်မြောင်း၊ (၄) မထီးမြောင်း၊ (၅) စကုလက်ခွဲမြောင်း၊ (၆) ပဒေါ်မြောင်း၊ (၇) ပေါင်းလောင်း/သိင်္ဃသူမြောင်း၊ (၈) စက္ကလမြောင်း၊ (၉) မယ်သီလရိုးမြောင်း၊ (၁၀) ပွေးကျစ်မြောင်း၊ (၁၁) နလင်သီမြောင်း၊ (၁၂) မြောင်းနက်မြောင်း၊ (၁၃) ရှားပင်မြောင်း၊ (၁၄) ကံသစ်မြောင်း၊ (၁၅) မင်္ဂလာမြောင်း၊ (၁၆) ထန်ရုံမြောင်း၊ (၁၇) ရေပူရိုးမြောင်း၊ (၁၈) စကားရိုးမြောင်း၊ (၁၉) ဖလံတောမြောင်းနှင့် (၂၀) တောထွင်းမြောင်းတို့ဖြစ်ကြပြီး လယ်ဧပေါင်း သောင်း ကျော်အတွက် များစွာအကျိုးပြုသော မြောင်းများဖြစ်သည်။


ထိုမြောင်းများကို ကျောက်စာ အမျိုးမျိုးတွင် တွေ့ရှိရပြီး သက္ကရာဇ် ၆၀၆ ခုနှစ် ပိုသူကြီး သတ္တျာ ကျောက်စာ၊ ၆၁၄ ခုနှစ် တပေါင်းလဆန်း ၁၅ ရက်တွင် ခင်မမိကျောက်စာ၊ ကျစွာမင်းကြီး၏ မိထွေးဒေါ် လှူဒါန်းသောကျောက်စာနှင့် ၁၂၃၃ ခုနှစ်တွင် ရေးသားထားသော ပုရပိုက်စာများတွင် ယနေ့တိုင် အထင်အရှားတွေ့ရပြီး ပေါင်းလောင်းမြောင်း အရှည် ၃.၉ မိုင်၊ ရေထုစီးနှုန်း ၃.၈ ကုဗပေ/စက္ကန့်နှင့် ရေသောက်ဧရိယာ ၁၈၁၆ ဧကဖြစ်ပြီး၊ မြောင်းအစနေရာ ( ၂၀° ၁၃’ ၀၇” N, ၉၄° ၄၁’ ၄၈.၁” E) ဖြစ်၍ ပွေးကျစ်မြောင်း အရှည်မှာ ၁.၅ မိုင်၊ ရေထုစီးနှုန်း ၁၅.၅ ကုဗပေ/စက္ကန့်နှင့် ရေသောက်ဧရိယာ ၆၄၄ ဧက မြောင်းအစနေရာ  (၂၀° ၁၃’ ၃၈” N, ၉၄° ၄၃’ ၅၇” E) တို့ဖြစ်ကြောင်း စကုမြို့ သမိုင်းသုတေသီ ဦးဇော်မျိုးဦးထံမှ သိရသည်။


ဇေယျာထက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)