MNP - ဖေဖော်ဝါရီ ၆
ကျောင်းသားလူငယ်များ စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် အမှတ်(၂၅) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနယ်လှည့်ကွင်းဆင်းရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း)ရုံးမှ ဒုတိယဦးစီးမှူးဒေါ်သင်းသင်းစိုးက ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာများကိုသာမက "စာအုပ်စာပေ၊ လူ့မိတ်ဆွေ"ဟူသော ဆောင်ပုဒ်အတိုင်း ဘာသာရပ်ပေါင်းစုံ၊ ရသပေါင်းစုံ စာအုပ်များကို ဖတ်ရှု၊ လေ့လာ၊ မှတ်သားကြရန်၊ စာဖတ်ခြင်းဖြင့် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး အသိပညာဗဟုသုတများစွာ ရရှိစေနိုင်မည်ဖြစ်ကြောင်းစသည်ဖြင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဟောပြောခဲ့သည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်သဘာဝဘေးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား ငှာရမ်းပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စန္ဒာမိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment